မန္တလေးမြို့၊ မစိုးရိမ်ကျောင်းတိုက်၌ အဌမအကြိမ် မန္တလေးတိုင်းဒေသကြီး သံဃနာယက အဖွဲ့(ဒသမ)စုံညီအစည်းအဝေး ကျင်းပပြုလုပ်

နေပြည်တော်၊ ဇွန် - ၁၈

   

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ မစိုးရိမ်ကျောင်းတိုက်၌ အဌမအကြမ် မန္တလေးတိုင်းဒေသကြီးသံဃနာယကအဖွဲ့(ဒသမ)စုံညီအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်ရှိ သာသန-နယူပဒေသကျောင်း(အလယ်တိုက် ကြီး)၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဉက္ကဌ၊ မစိုးရိမ်ကျောင်း တိုက်၊ ပါဠိ-နယူပဒေသကျောင်း ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိစိတ္တာဘိဝံသ အမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး မန္တလေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဌ ဦးမောင်ကို၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးကောင် စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

   

ဦးစွာ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ အကျိုးတော်ဆောင်၊ ချမ်းအေးသာစံ မြို့နယ်၊ မိုးကောင်းတိုက်၊ ရတနာသိင်္ဂီဒိုက်ဦးကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဇောတိကာဘိဝံသ က အစည်းအဝေးသို့တက်ရောက်လာကြသော ဆရာတော် ကြီးများ၏ ဘွဲ့အမည်များကို ဖတ်ကြားကာ သံဃာတော်များနှင့် တက်ရောက်လာ ကြသူများက သာသနဿစ လောကဿ နှစ်ဂါထာကို မြွတ်ကြားကာ အစည်းအဝေး ကို ဖွင့်လှစ်သည်။

   

ထို့နောက် တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဉက္ကဌ ဆရာတော်ကြီးက အဖွင့် သာရဏီယဩဝါဒကထာမြွတ်ကြားကာ ဆရာတော်တစ်ပါးက အဌမအကြိမ်တိုင်း ဒေသကြီးသံဃနာယကအဖွဲ့(သတ္တမ) စုံညီအစည်းအဝေးဆုံးဖြတ်ချက် ၂ ရပ်၏ ဆောင်ရွက်ထားရှိမှုများကို တင်ပြလျှောက်ထားခြင်း၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဌက သာသနာရေးဆိုင်ရာများကို လျှောက်ထားခြင်း၊ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့မှ ပေးပို့သည့် ညွှန်ကြားစာများနှင့် အဌမအကြိမ် တိုင်းဒေသကြီး သံဃနာယကအဖွဲ့(ဧကဒသမ) စုံညီအစည်းအဝေးကျင်းပမည့်ရက်သတ်မှတ်ခြင်း တို့ကို ဆောင်ရွက်ကြပြီး တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဉက္ကဌ ဆရာတော်က နိဂုံးချုပ်ဩဝါဒကထာမိန့် ကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

   

၎င်းနောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌ၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဆရာတော်ကြီးများအား သင်္ကန်း၊ လှူဖွယ်ပစ္စည်းများ နှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။