ဟိုပင်မြို့၊ အင်းလေးကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အား အကြမ်း ဖက်သူများကမီးရှို့

နေပြည်တော်၊ ဇွန် - ၁၈

 

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကျောင်းသား၊ ကျောင်းသူများပညာ တတ်မြောက်ရေးနှင့် အနာဂတ်ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာရေးအား ရှေးရှု၍ စာသင်ကျောင်းများအား COVID-19 စည်းမျည်းစည်းကမ်းများနှင့်အညီ ဇွန် ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံတစ်ဝန်း၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်သင်ကြား စေလျက်ရှိရာ အကြမ်းဖက်မှုကို လိုလားပြီး အဖျက်အမှောက်လုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့်လုပ်ဆောင်နေသည့် NLD ပါတီနှင့် တိုက်ရိုက်ပတ်သက် ဆက်နွယ် နေသည့် အကြမ်းဖက်သောင်းကျန်းသူများက ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၏ အေးချမ်းစွာ ပညာသင်ကြားနေမှုအပေါ် ခြိမ်းခြောက် အကြပ် ကိုင်ခြင်း၊ စာသင်ကျောင်းများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ကန့်ကွက်စာများ ရေးသားခြင်းတို့ကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။

 

 

ယင်းသို့ အကြမ်းဖက်မှုများ လုပ်ဆောင်လျက်ရှိရာ ဇွန် ၁၇ ရက် နံနက် ၁ နာရီ ၁၅ မိနစ်ခန့်တွင် ကချင်ပြည်နယ်၊ ဟိုပင်မြို့၊ အင်းလေးကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)အား အကြမ်းဖက်သူများ၏ မီးရှို့မှုကြောင့် မီးလောင်မှု ဖြစ်ပွားခဲ့ရာ နယ်မြေခံတပ်မတော်သားများက မီးသတ်တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ မီးသတ်ယာဉ် ၁ စီးဖြင့် ဝိုင်းဝန်းငြိှမ်းသတ်ခဲ့သဖြင့် နံနက် ၁ နာရီ ၄၀ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။

 

 

အဆိုပါ မီးလောင်မှုကြောင့် စာသင်ကျောင်းရှိ အဆောက်အဦ ၁ လုံး မီးလောင်ပျက်စီးခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် ပြစ်မှု ကျူးလွန်သူများအား ဉပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အပူတပြင်းလိုက်လံစုံစမ်းရှာဖွေလျက်ရှိကြောင်း သတင်းရရှိသည်။