COVID-19 ပိုးတွေ့လူနာများ ထားရှိရန် ကြိုတင်ပြင်ဆင်နေမှုများအား ကြည့်ရှု

နေပြည်တော်၊ ဇွန် - ၁၈

 

 

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ COVID-19 ပိုးတွေ့လူနာများ ထားရှိရေး ကြိုတင်ပြင်ဆင်နေမှုများကို ယနေ့နံနက်ပိုင်း တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

 

ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် အင်းစိန်မြို့နယ်ရှိ သီရိမင်္ဂလာမဟာ သာသနာ့ဗိမာန်တော်ကြီး၌ ယာယီကုသရေးဆေးရုံဖွင့်လှစ်၍ ပိုးတွေ့လူနာ ရဟန်း သံဃာတော်များထားရှိရန် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများအားလည်း ကောင်း၊ မင်္ဂလာဒုံမြို့နယ်၊ ကိုယ်လက်အင်္ဂါပြန်လည်သန်စွမ်းရေးဆေးရုံရှိ COVID-19 ရောဂါ ကုသရေးဌာနသို့လည်းကောင်း၊ မှော်ဘီမြို့နယ်၊ တပ်မတော်ဆေးဘက်ဆိုင်ရာ ပညာ သင်ကျောင်းရှိ COVID-19 ရောဂါကုသရေးဌာနသို့လည်းကောင်း သွားရောက်၍ ပိုးတွေ့ လူနာများထာရှိရန် ကြိုတင်ပြင်ဆင်နေမှုအခြေအနေများအား လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။