နေပြည်တော်၊ ဇွန် - ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ ဆေကဝတီ ဗုဒ္ဓတက္ကသိုလ်၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်ဖွင့်ပွဲ၊ ဩဝါဒခံယူပွဲနှင့် ကျောင်းသူသစ် ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဗုဒ္ဓတက္ကသိုလ်၌ ပြုလုပ်ရာ နိုင်ငံတော်ပရိ ယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်၊ မန္တလေး)နှင့် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓ တက္ကသိုလ်များ၏ ဒုတိယအဓိပတိ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော် ဆောင်ချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ သန်လျင်မင်းကျောင်း ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သန်လျင်မင်းကျောင်း ဆရာတော်ထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များအား လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ဆေကဝတီဗုဒ္ဓတက္ကသိုလ်၏ ဒုတိယပါမောက္ခချုပ်(စီမံ)ဒေါက်တာ ဒေါ်ဆေကဝတီက ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ပညာသင်ယူကြမည့် ကျောင်းသူ စာရင်းအကျဉ်းချုပ်ကို တင်ပြလျှောက်ထားပြီး ဆေကဝတီဗုဒ္ဓတက္ကသိုလ်၏ ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တဝိနယာ လင်္ကာရ ထံမှ ကျောင်းသား၊ ကျောင်းသူများအား နှုတ်ခွန်းဆက်စကားနှင့် ဩဝါဒ ကထာများ နာယူကြသည်။
ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဒုတိယဉက္ကဌ၊ သံဖြူဇရပ် ဆရာတော်ထံမှ ဩဝါဒကထာနာယူ၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သတင်းရရှိသည်။