မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကင်းမကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့ခဲ့သည့်ဖြစ်စဉ်တွင် ကိုယ်တိုင်ပါဝင်ခဲ့သူ၊ ပတ်သက်ဆက်နွှယ်သူတို့၏ ဝန်ခံပြောကြားချက်နှင့် ရွာခံသက်ကြီး အဘွား ၂ ဦးအား ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်တို့၏ ပြောကြားချက်များ

နေပြည်တော်  ဇွန်  ၁၈

၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊   ပေါက်မြို့နယ်၊ ကင်းမကျေးရွာရှိ ဖောက်ခွဲရေး ပစ္စည်းများနှင့် လက်လုပ်သေနတ်များ ပြုလုပ်ရောင်းချနေသူများအား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များကသွားရောက်စဉ်  ကျေးရွာအနီးအရောက်၌ လက်နက်ကိုင်အကြမ်းဖက်သူများက     ပစ်ခတ်တိုက်ခိုက်၍ ကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့မှုဖြစ်စဉ်နှင့် ပတ်သက်၍  ဇွန်လ ၁၆ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ခတ်တိုက်ခိုက်ခဲ့သူများနှင့် ကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သူ အကြမ်းဖက်သမားများအား   ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့တွင် ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ မြေကြမ်းတောကျေးရွာအုပ်စု၊ ဂျုပ်ချောင်းလေးကျေးရွာတွင် ပေါက်မြို့နယ်၊ ကင်းမကျေးရွာမှ သေနတ် ထိမှန်ဒဏ်ရာရရှိခဲ့သူ  ဦးရောက်ရှိနေကြောင်း သတင်းအရ သွားရောက်စိစစ်ခဲ့ရာ အဆိုပါကျေးရွာရှိ သန်းထိုက်(၃၃)နှစ် ()ဦးသာဇံ၏နေအိမ်၌ ချစ်မောင်မောင်(၂၂)နှစ် ()ဦးမောင်ဦး၊ ချောင်းဆုံကျေးရွာ၊ ကင်းမကျေးရွာအုပ်စု၊ ပေါက်မြို့နယ်နေသူ အား ဝဲဘက်ဒူးခေါင်းတွင် ဒဏ်ရာဖြင့် ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အရ ပါဝင်ပတ်သက်သူ စိုးဝင်းကျော်(၃၆)နှစ် ()ဦးကြည်မောင်အား ဆိပ်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်နေသူအား    ထပ်မံဖမ်းဆီးရမိခဲ့သည်။

ချစ်မောင်မောင်သည် ကင်းမကျေးရွာ PDF တွင်ပါဝင်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ရာတွင် ကိုယ်တိုင်ပါဝင်ခဲ့သူဖြစ်ကြောင်း စိုးဝင်းကျော်၏ ထွက်ဆိုချက်အရ သိရှိရပြီး စိုးဝင်းကျော်မှာမူ PDF အဖွဲ့ဝင်များကို ထောက်ပံ့ကူညီအားပေးခဲ့သူ ဖြစ်ကြောင်းနှင့် ကင်းမကျေးရွာအနီး လုံခြုံရေးတပ်ဖွဲ့ဝင်များအား   အကြမ်းဖက် တိုက်ခိုက်မှုနှင့် ကျေးရွာအတွင်း မီးရှို့ဖျက်ဆီးခဲ့မှုဖြစ်စဉ်နှင့် ပတ်သက်၍ ၎င်းတို့၏ ပါဝင်ပတ်သက်မှုများကို ယခုလိုကြားသိရပါသည်-

ကင်းမရွာက နေအိမ်တွေ မီးလောင်ရ တာနဲ့ပတ်သက်ပြီး ပြောပြချင်ပါတယ်။ မီး လောင်မှုဖြစ်ပွားတဲ့နေ့က ၁၅--၂၀၂၁ ရက် နေ့ နံနက် ၁၀ နာရီခွဲလောက်မှာ ကျွန်တော် မွေးမြူထားတဲ့ ဆိတ်တွေကို ကင်းမရွာတောင် ဘက် ကိုက် ၂၀၀ လောက်ဝေးတဲ့ တောထဲ မှာ ထွက်ကျောင်းနေတဲ့အချိန် ကင်းမရွာနဲ့ ကိုက် ၂၀၀ ကျော်လောက်ဝေးပြီး ကင်းချောင်း ၏အရှေ့ဘက် တောင်ကုန်းတောင်တန်း တွေပေါ်မှာ ပေါက်ကွဲသံတွေကြားရပါတယ်။ သေနတ်ပစ်ဖောက်သံတွေလည်း ကြားရပါ တယ်။ ကျွန်တော်တို့ရွာရဲ့အနောက်ဘက် မိုင်လောက်ဝေးတဲ့ တောင်တန်းပေါ်မှာ ဒေသခံ ဏီၤ အဖွဲ့တွေပုန်းခိုနေတယ်၊ ပြီးတော့ အဲ့ဒီအဖွဲ့တွေနဲ့ လုံခြုံရေးအဖွဲ့တွေ ကင်းချောင်းရဲ့အရှေ့ဘက်မှာ အပြန်အလှန် ပစ်ခတ်တယ်လို့သိရပါတယ်။ ရွာသူ၊ ရွာ သားတွေကလည်း ရွာမှာမနေရဲတော့ဘဲ တောင်ပေါ်မှာရှိတဲ့လျှိုတွေနဲ့ နီးစပ်ရာရွာ တွေမှာ ပုန်းရှောင်နေကြပါတယ်။ ညနေ နာရီခွဲလောက်မှာ တောထဲမှာထားခဲ့တဲ့  ဆိတ်အုပ်က ပြန်လာတာတွေ့လို့ ဘုရား ရှေ့လမ်းကနေ ကင်းမ --က ကျောင်း ထောင့်ရဲ့ အနောက်ဘက်မှာရှိတဲ့ ကျွန်တော် တို့ရဲ့ ဆိတ်ခြံထဲကို ပြန်မောင်းထည့်ဖို့ သွားခဲ့ပါတယ်။ ရွာထဲက လမ်းတွေမှာတော့ လုံခြုံရေးအဖွဲ့တွေရောက်နေတာ မတွေ့ခဲ့ရပါ ဘူး။ ရွာအရှေ့ဘက် ကိုက် ၅၀၀ လောက် မှာရှိတဲ့ ကင်းချောင်းဘေး တောင်ကုန်း တောင်တန်းတွေပေါ်မှာ ရှိနေတယ်လို့  သိရ ပါတယ်။ ကျွန်တော် ဘုရားကုန်းအပေါ် ရောက်တဲ့ နာရီ ၄၅ မိနစ်လောက်မှာ ဘုရားကုန်းရဲ့တောင်ဘက် ကိုက် ၂၀၀ ကျော် လောက်မှာရှိတဲ့ ကိုအောင်တင်ဝင်းရဲ့အိမ် မှာ မီးခိုးလုံးတွေထွက်နေတာကို ကျွန်တော့် ဖုန်းနဲ့ ဗီဒီယိုဖိုင် ဖိုင် လောက်ရိုက်ဖြစ်ခဲ့ ပါတယ်။ လူတွေကတော့ မတွေ့ဖြစ်ခဲ့ပါဘူး။ PDF အဖွဲ့တွေက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ကင်းချောင်းရဲ့ တစ်ဖက်ကမ်းကို ကူးလာ အောင် မီးရှို့တယ်လို့ ထင်ပါတယ်။ မီးခိုး မီးတောက်တွေ အရှိန်နဲ့ထွက်လာပြီး ၁၀ မိနစ်လောက်အကြာမှာ   ဘုရားကုန်းရဲ့ အရှေ့ဘက်ကိုက်  ၅၀၀ လောက်မှာရှိတဲ့ လုံခြုံရေးအဖွဲ့တွေက  ကင်းချောင်းအတိုင်း လမ်းလျှောက်လာတာကိုတွေ့ရပြီး ကျွန်တော်လည်း တစ်ဖက်နဲ့ တစ်ဖက်ပစ်ခတ်တော့မယ် ထင်ပြီး ဘုရားကုန်းရဲ့ တောင်ဘက်စောင်းတန်းအတိုင်းထွက်ပြေးခဲ့ပါတယ်”  ဟု ချစ်မောင်မောင်က ပြောသည်။

ဆိပ်ဖြူမြို့နယ် ရှားလှကျေးရွာမှာနေတဲ့ အောင်တေဇာစိုးက ပေါက်မြို့နယ် ကင်းမကျေးရွာမှာ  ကျေးရွာကာကွယ်ရေး တပ်ဖွဲ့ PDF အဖွဲ့တွေ ဖွဲ့စည်းထားကြောင်း ကင်းမရွာသို့အလည်လာရန်ဖိတ်ခေါ်ခဲ့ပါတယ်။

နောက် ရက်လောက်အကြာမှာ အောင်တေဇာစိုးနဲ့တွေ့ဆုံခဲ့ကာ ရှားလှရွာမှတစ်ဆင့် ပေါက်မြို့နယ် ကင်းမရွာသို့သွားရောက်ခဲ့ပြီး  အောင်တေဇာစိုးမိတ်ဆက်ပေးလို့ ကင်းမရွာအုပ်ချုပ်ရေးမှူးဟောင်း   ဦးဌေးအောင်နဲ့ သိကျွမ်းခဲ့ပါတယ်။ ဦးဌေးအောင်က ကင်းမကျေးရွာ ကျေးရွာကာကွယ်ရေး PDF အဖွဲ့ဖွဲ့စည်းပြီး ဖြစ်ကြောင်း ရိက္ခာများကူညီနိုင်ရင် ကူညီပေးပါလို့ပြောသဖြင့်တတ်နိုင်သလောက် ကူညီပါမယ်လို့ ပြောခဲ့ပါတယ်။ --၂၀၂၁ ရက်နေ့မှာ ခေါက်ဆွဲခြောက်၊ ဆပ်ပြာမွှေး၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ မိုးကာတို့ကို ဦးဌေးအောင်ထံ   သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။ ၁၅--၂၀၂၁ ရက်နေ့ ည နာရီလောက်မှာ ဦးဌေးအောင်က ဖုန်းဆက်လာပြီး ရွာမှာတိုက်ပွဲဖြစ်လို့ PDF တပ်ဖွဲ့ဝင်တစ်ယောက်ဒဏ်ရာ ရသွားတယ်၊   အဲ့ဒါ မကွေးကို ပို့ဖို့ကူညီပေးပါလို့ ပြောပါတယ်။ လူနာကိုလာခေါ်ပေးပါလို့ပြောပါတယ်။

၁၆ ရက်နေ့  နေ့လည် ၁၂ နာရီလောက်မှာ ဆိပ်ဖြူမြို့ သင်္ဂဟနာရေးကူညီမှုအသင်းက ကားကို သွားရောက် အကူအညီတောင်းခံငှားရမ်းပြီး သွားရောက်ခေါ်ခဲ့ပါတယ်။ လူနာကို ကျွန်တော့်ကားနဲ့ တင်ခေါ်လာပြီး   အောင်တေဇာစိုး ပြောပြချက်အရ ဆိပ်ဖြူမြို့နယ် ဂျုပ်ချောင်းလေးကျေးရွာမှာ ပို့ဆောင်ပေးခဲ့ပါတယ်။ ဒဏ်ရာရနေတဲ့သူကိုပို့ပေးခဲ့ပြီး ကျန်နေခဲ့တဲ့ ဦးဌေးအောင်ထံ သူကိုင်တဲ့ဖုန်းနံပါတ် ၀၉-၂၆၅၀၂၈၅၁၁ ကို လူနာပို့ဆောင်ပြီးကြောင်း ဆက်သွယ်ပြောဆိုခဲ့ပါတယ်။ ဖုန်းပြောပြီး ဦးဌေးအောင်က ကင်းမကျေးရွာမှာ PDF တပ်ဖွဲ့ဝင်အင်အား ၁၀ယောက်နဲ့ ဖွဲ့စည်းထားခဲ့ရာမှ အခုတပ်ဖွဲ့ဝင်ဦးရေ ၂၆ ဦးထိ တိုးလာပြီး တူမီးသေနတ်၊ လက်လုပ်သေနတ်နဲ့ မောင်းပြန်သေနတ်တွေ တပ်ဆင်ပေးထားကြောင်း သိရှိရပါတယ်။

၁၅--၂၀၂၁ ရက်နေ့ကလည်း  လုံခြုံရေးတပ်ဖွဲ့ဝင်များ ကျေးရွာထိပ်ကိုရောက်ရှိစဉ် ၎င်း PDF တပ်ဖွဲ့ဝင်များက သေနတ်များနဲ့ စတင်ပစ်ခတ်ခဲ့ကြပြီး  လုံခြုံရေးတပ်ဖွဲ့ဝင်များက ရွာထဲသို့ မဝင်နိုင်ဘဲ ရွာပြင်ကပဲ ပြန်လည်ပစ်ခတ်ခဲ့လို့  အခု ကျွန်တော်ဆိပ်ဖြူကို ပို့ပေးခဲ့တဲ့ PDF တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ပါတယ်။ ကျွန်တော်ကရွာမှာ မီးဘယ်လိုလောင်တာလဲလို့ မေးရာ ဦးဌေးအောင်က  လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှို့သွားသယောင်ယောင်ထင်ယောင် ထင်မှားဖြစ်စေရန် ၎င်းင်းတို့ PDF တပ်ဖွဲ့ကပဲ တပ်ဆုတ်ရင်းရွာအတွင်းရှိ နေအိမ်တစ်အိမ်ကို စတင်ရှို့ရာမှ အခြားအိမ်များကို ကူးစက်လောင်သွားခြင်းမျိုး ဖြစ်ကြောင်း၊ မီးလောင်နေစဉ်လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရွာပြင်မှာရှိနေတဲ့ အကြောင်းသိရှိခဲ့ရပါတယ်။    အခုလည်း  လုံခြုံရေးတပ်နဲ့ ရဲတွေလာရင် တိုက်ခိုက်နိုင်ဖို့    ဏီၤ တပ်ဖွဲ့ဝင် ၂၆ ဦးနဲ့ ရွာရဲ့ အနောက်ဘက်တောင်တန်းမှာ  လက်နက်များအသင့်ကိုင်ဆောင်ပြီး စောင့်ဆိုင်းနေကြောင်းကို  ဦးဌေးအောင်မှ ပြောပြသိရှိခဲ့ရပါတယ်ဟု စိုးဝင်းကျော်က ပြောသည်။

အကြမ်းဖက်သမားများ၏ ကင်းမကျေးရွာ မီးရှို့ဖျက်ဆီးခဲ့မှုအား လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ရန်   ကြိုးပမ်းခဲ့ပြီး မီးလောင်မှုကြောင့် ပိတ်မိနေသော အသက် ၈၃ နှစ်အရွယ်ရှိ ဒေါ်ခင်စုနှင့် အသက် ၈၁ နှစ်ရှိ ဒေါ်ထွားစိန်တို့အား မီးလွတ်ရာဘုန်းကြီးကျောင်းသို့   ကိုယ်တိုင်ကူညီကယ်ဆယ် ပို့ဆောင်ပေးခဲ့သည့် ရဲတပ်ဖွဲ့ဝင်တို့၏ ကိုယ်တိုင်ကြုံတွေ့ခဲ့ရမှုများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-

ပေါက်မြို့နယ် ကင်းမကျေးရွာအုပ်စု ကင်းမကျေးရွာမှာ လက်လုပ်မိုင်းနဲ့ လက်လုပ် သေနတ်တွေ ပြုလုပ်ရောင်းချနေကြောင်း၊ ဒီလက်လုပ်သေနတ်နဲ့ လက်လုပ်မိုင်းတွေကို ရပ်/ကျေးအုပ်ချုပ်ရေးမှူးဟောင်း ဦးဌေး အောင်နဲ့ NLD ရပ်/ကျေးစည်းရုံးရေးမှူး ဦးအောင်ဌေးတို့က ငွေကြေးထောက်ပံ့နေ တဲ့ အကြောင်းကို ကျွန်တော် သတင်းစုံစမ်း  ဖော်ထုတ်ရရှိခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ၁၃--၂၀၂၁ ရက်နေ့ ၁၂ နာရီလောက် မှာ ဦးစိန်မောင်ရဲ့နေအိမ်ကို ကျော်မင်းနိုင်ပါ အမည်မသိ အမျိုးသား ဦးက လက် လုပ်မိုင်းတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဦးစိန် မောင်နဲ့ ကိုမင်းမင်းစိုးတို့ ဒဏ်ရာများရရှိခဲ့ တယ်။ ဒါနဲ့ပတ်သက်ပြီး ကျော်မင်းနိုင်ကို ကျွန်တော်တို့လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီး စစ်ဆေးတဲ့အခါမှာ လက်လုပ်မိုင်းတွေက ကင်းမကျေးရွာက ရရှိတယ်ဆိုတဲ့ သတင်းကို ကျွန်တော်ဆက်လက် စုံစမ်းဖော်ထုတ်ရရှိခဲ့တဲ့အတွက် ၁၄--၂၀၂၁ ရက်မှာလည်း ကြံ့ခိုင်ရေးပါတီဝင် ရပ်/ကျေးစည်းရုံးရေး မှူး ဦးခင်မောင်ချင်းကို ဏီၤ အဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့တယ်။ ဒါနဲ့ပတ်သက်ပြီး ဦးခင်မောင်ချင်းကို နေအိမ်မှာမတွေ့ တဲ့အတွက် ဇနီးကိုဖမ်းဆီးသွားခဲ့တယ်။

အဲ့နေ့ည နာရီခွဲလောက်မှာ ဖုန်းနဲ့ဆက် သွယ်ပြီး သတင်းပေးပို့တိုင်ကြားလာခဲ့တယ်။ ဒါကြောင့် ၁၅--၂၀၂၁ ရက်နေ့မှာ ဒီ သတင်းကို အတည်ပြုစုံစမ်းဖော်ထုတ်ဖမ်းဆီး နိုင်ရေးအတွက် ကင်းမကျေးရွာကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့  သွားရောက်ခဲ့ပါတယ်။ နံနက် ၁၀ နာရီခွဲလောက်မှာ ကင်းမကျေးရွာ ရွာအဝင်ဆိုင်းဘုတ် အနီးကို ရောက်ရှိခဲ့ပြီး PDF အဖွဲ့ဝင်တွေက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ရွာထဲကိုဝင်ရောက်နိုင်ခြင်းမရှိအောင် ၎င်းကျေးရွာတောင်ကုန်းထိပ်ကနေ လက်ပစ်ဗုံးများ၊ သေနတ်များနဲ့ ဝိုင်းဝန်းပစ်ခတ် တဲ့အတွက် ကျွန်တော်တို့ အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့တယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ရွာထဲကို ဆက်လက်ဝင်ရောက်နိုင်ခြင်း မရှိဘဲ နေ့လယ် နာရီခွဲလောက်မှာ စစ်ကူ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး ဆက်လက် ရှင်းလင်းတဲ့အခါမှာ PDF အဖွဲ့ ဝင်တွေက ကျောင်းအနောက်ဘက်မှာရှိတဲ့ အိမ်ကို  မီးရှို့ပြီး  ဘုန်းကြီးကျောင်းရဲ့ အနောက်ဘက်တောင်ကုန်းပေါ်ကို ဆုတ်ခွာသွားခဲ့ကြတယ်။ ဒါကြောင့် ကျွန်တော်တို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့အတူ  ရွာထဲကို ဝင်ရောက်ရှင်းလင်းပြီး ဘုန်းကြီးကျောင်း အနောက်ဘက် တောင်ကုန်းပေါ်ကို ဆက်လက်ရှင်းလင်းခဲ့ကြတယ်။ ညနေ ၅နာရီခွဲ အချိန်လောက်မှာ ရွာထဲကို ပြန်ပြီးဆင်းလာ ခဲ့တယ်။ ဆင်းလာခဲ့တဲ့ အချိန်မှာ မီးကလည်း အရှိန်နည်းနည်းလျော့နေပါပြီ။ လျော့နေတဲ့အတွက်  ရွာထဲမှာတွေ့ရှိခဲ့တဲ့ သက်ကြီးရွယ်အိုများ  အဘွားဒေါ်ထွားစိန်နဲ့ အဘွားဒေါ်ခင်စုတို့ကို ကျွန်တော်တို့ စာသင်ကျောင်းရဲ့ လွတ်တဲ့မြေကွက်ပေါ်ကို ကယ် ထုတ်လာခဲ့တယ်။ ညနေ နာရီလောက် မှာ နယ်မြေထူးခြားမှုရှိ၊ မရှိ ဆက်လက်စုံစမ်းပြီး ထူးခြားမှု မရှိတော့တဲ့အတွက် ကင်းမကျေးရွာက ထွက်ခွာလာခဲ့ကြတယ်ဟု ဒုတိယရဲအုပ် ယျာဇူးမောင်က ပြောသည်။

ကျွန်တော်ကတော့   ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ    ရဲတပ်သားမြတ်ထွန်း ဖြစ်ပါတယ်။ ဇွန်လ ၁၅ ရက်နေ့ ပေါက်မြို့နယ် ကင်းမရွာမှာ ဏီၤ နှင့် တပ်ဖွဲ့ဝင် တွေ တိုက်ပွဲဖြစ်နေကြောင်း သိရပါတယ်။ ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူးနှင့်အတူ ကျွန်တော် က  ယာဉ်တင်လုံခြုံရေးဆောင်ရွက်ရင်း ရဲတပ်ဖွဲ့ ၃၅ ဦးနှင့်အတူ တစ်နာရီခွဲ အချိန်တွင် ပေါက်မြို့နယ် ကင်းမရွာသို့ သွားရောက်ခဲ့ပါတယ်။ နာရီမှာ ပေါက်မြို့နယ် ကင်းချောင်းကို ကျွန်တော်တို့ရောက်ရှိပါတယ်။ ကျွန်တော်တို့ ရောက်ရှိတဲ့အချိန်မှာ ကင်းမ ရွာမီးလောင်နေတာကို တွေ့မြင်ရပါတယ်။

ကျွန်တော်တို့လည်း ကင်းချောင်းမှတပ်ဖွဲ့ဝင်တွေ လျှောက်လာခဲ့ရာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကြားထဲမှာ ပေါက်မြို့နယ်မှ ရဲတပ်ဖွဲ့ဝင်တွေဟာ အသင့်နေရာယူနေတာ ကို တွေ့ရှိရတယ်။ ရွာမှာလည်း မီးတအား လောင်နေပါတယ် အဲတာနဲ့ ကျွန်တော် တို့လည်း ချက်ချင်းဝင်ဖို့     အဆင်မပြေပါဘူး။ အဲတာကြောင့်   ကျွန်တော်တို့   ခေတ္တ စောင့်နေပါသေးတယ်။  မီးအရှိန်လျော့ တဲ့အချိန်မှာ  ကျွန်တော်တို့   တပ်ဖွဲ့ဝင် ဦးဟာ အဲဒီရွာထဲသို့  ဝင်ရောက်ခဲ့ပါတယ်။ ဝင်ရောက်တဲ့အချိန်မှာ မီးလောင် နေတဲ့ အိမ်ဘေးက အဘွားအိုတစ်ယောက် တဘက်အနီလေးပတ် တောင်ဝှေ့နဲ့ လမ်းလျှောက်နေတာကို တွေ့ရပါတယ်။ အဲတာနဲ့ ကျွန်တော်တို့လည်း အဘွားအိုရှိတဲ့ လမ်းဘက်ကိုသွားပြီး အဘွားအိုကို သွားခေါ်ပါ တယ်။  အဘွားအိုကို   သွားခေါ်ရာမှာ ကျွန်တော့်သူငယ်ချင်း ရဲတပ်သားတွေနဲ့ အတူ သွားခေါ်တာပါ။ အဘွားကျွန်တော်တို့ နဲ့အတူ လိုက်ခဲ့ပါ ရွာထဲမှာ မီးလောင်နေတယ်။ အဘွားကျွန်တော်တို့နဲ့မလိုက်ရင် မီးလောင်နေတဲ့ အထဲပါမှာစိုးလို့ ကျွန်တော်တို့နဲ့ လိုက်ခဲ့ပါလို့ခေါ်တော့ အဘွားက ငြင်းပါတယ်။ အဲဒါနဲ့ ကျွန်တော်လည်း အဘွားမီးလောင်တဲ့ အထဲပါမှာစိုးလို့ အဘွားကို ကုန်းပိုးပြီးတော့  စာသင်ကျောင်းလမ်းအတိုင်း ခေါ်လာပါတယ်။ ခေါ်လာတဲ့အချိန် စာသင်ကျောင်း၏   လမ်းတစ်ဖက်မှာ တိုက်အိမ်အသစ်လေးရှိပါတယ်။ တိုက်အိမ်အသစ်လေး၏ အောက်ထပ်မှာ အဘွားကို ကျွန်တော်တို့  ထားပေးခဲ့ပါတယ်”  ဟု  ရဲတပ်သားမြတ်ထွန်းက ပြောသည်။

ကျွန်တော်ကတော့ အမှတ်(၃၅) လုံခြုံရေးရဲတပ်ဖွဲ့  ရဲတပ်သား ထက်ဦးနိုင်ဖြစ်ပါ တယ်။ ဇွန်လ ၁၅ ရက်နေ နေ့လယ် နာရီခွဲအချိန်ခန့်မှာ  နယ်မြေလုံခြုံရေး ဆောင်ရွက်ဖို့အတွက်  ပခုက္ကူခရိုင် ရဲတပ်ဖွဲ့မှူးနှင့်ပူးပေါင်းဖို့ ကျွန်တော်တို့ ကားနှစ်စီးထွက်ခွာခဲ့ပါတယ်။ ကျွန်တော် တို့ ပေါက်မြို့နယ်၊ ကင်းမရွာကို ညနေ နာရီခွဲအချိန်လောက်မှာ ရောက်ရှိပါတယ်။ ကျွန်တော်တို့ရှေ့ကရောက်ရှိနေသည့် တပ်ဖွဲ့ ဝင်များ၏ ပြောပြချက်အရ သူတို့အဖွဲ့နှင့် ဏီၤ အဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားနေတယ်။ ဏီၤ အဖွဲ့က မနိုင်တဲ့အတွက် ရွာကိုမီးရှို့ ပြီး ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ ကျွန်တော်တို့ အဖွဲ့နှင့် ရှေ့ကရောက်ရှိနေ တဲ့  အဖွဲ့နဲ့ပူးပေါင်းပြီး ကျေးရွာထဲတွင် PDF အဖွဲ့ရှိ/မရှိ ဝင်ရောက်စစ်ဆေးတဲ့ အချိန်တွင် အိမ်တစ်အိမ်ထဲမှ လူညည်းသံကို ကြားခဲ့တယ်။ အဲတာကြောင့် ကျွန်တော်တို့ အဖွဲ့ အိမ်ထဲကို ဝင်ဖို့ကြိုးစားတဲ့အခါမှာ တံခါးတွေက သွပ်ကြိုးတွေနဲ့  တုပ်ထားတာကြောင့် ကျွန်တော်တို့လည်း သွပ်ကြိုး တွေကိုဆွဲဖြုတ်ပြီး အိမ်ထဲမှာ အသက် ၈၀ ကျော်လောက်ရှိပြီး  လမ်းမလျှောက်နိုင်တဲ့ အဘွားတစ်ယောက်ကိုတွေ့တယ်။ ကျွန်တော်နဲ့အတူပါတဲ့ သူငယ်ချင်းတွေက အဘွားရဲ့အထုပ်တွေ၊ ခေါင်းအုံးတွေ၊ ဖျာတွေကိုယူပြီး မီးလွတ်ရာကို ပြေးသွားတယ်။ ကျွန်တော်ကတော့ အဘွားကိုပွေ့ပြီး မီးလွတ်ရာစာသင်ကျောင်း၏ရှေ့က တိုက်အိမ်လေးကို ကျွန်တော်တို့ သွားထားခဲ့တယ်။ ညနေ နာရီခွဲအချိန်လောက်ရောက်တော့ မီး ကလည်း ငြိမ်းစပြုလာပြီ  ကျွန်တော်တို့လည်း ကင်းမရွာက ထွက်လာခဲ့တယ်ဟု ရဲတပ်သားထက်ဦးနိုင်ကပြောသည်။

ဖမ်းဆီးရမိသူ   စိုးဝင်းကျော်၏ထွက်ဆိုချက်အရ   ကင်းမကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သူမှာ ၎င်းင်းကျေးရွာ၏ ကျေးရွာကာကွယ်ရေး PDF အဖွဲ့အမည်ခံ အကြမ်းဖက်အဖွဲ့များသာ ဖြစ်ကြောင်း စုံစမ်းသိရှိရပြီး ဖမ်းဆီးရမိထားသူ စိုးဝင်းကျော်နှင့် ချစ်မောင်မောင်တို့အား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကာ လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခဲ့မှုနှင့် ကျေးရွာအား မီးရှို့မှု ဖြစ်စဉ်များတွင်    ပူးပေါင်းပါဝင်ပတ်သက်သူ  အောင်တေဇာစိုး၊  ကင်းမကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ ဌေးအောင်နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များအား    ဆက်လက်ဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။