အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း(အမျိုးသား၊ အမျိုးသမီး) ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲပြုလုပ်

နေပြည်တော်   ဇွန်   ၁၈

အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၁ ခုနှစ်၊   တိုင်းမှူးဒိုင်း (အမျိုးသား၊ အမျိုးသမီး) ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစားဝါသနာရှင်များတက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားပြီး တက်ရောက်လာကြသူ များနှင့်အတူ   ပြိုင်ပွဲဝင်အသင်းများ၏  ဗိုလ်လုပွဲ ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ပြိုင်ပွဲ အမျိုးအစားအလိုက်   တစ်ဦးချင်း ဆုရရှိကြသူများ၊ အသင်းလိုက်ဆုရရှိကြသူများနှင့်   ဒိုင်းဆုရရှိသည့်အသင်းတို့အား တိုင်းမှူးနှင့်  တာဝန်ရှိသူများက ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ   အသီးသီး ပေးအပ်ကြသည်။

အဆိုပါ တိုင်းမှူးဒိုင်း ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်   ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင် အမျိုးသား/အမျိုးသမီးအသင်း သင်းတို့ဖြင့် ဇွန် ရက်မှ ယနေ့အထိ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။