ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး၊ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း

နေပြည်တော်  ဇွန်  ၁၈

တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင်သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်()မျိုးနှင့်  လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊  နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့်  ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ ခေးနင်းပရိယတ္တိစာသင်တိုက်၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ကန်း ညီနောင်ကျေးရွာရှိ အေးငြိမ်းချမ်းသာမြို့ဦးကျောင်းတိုက်၊  ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊  ဘုရားကုန်းကျေးရွာရှိ ဖန်ချက်တောရကျောင်းတိုက်နှင့် ပဲခူးတိုင်း ဒေသကြီး၊  ပြည်ခရိုင်၊  ပေါက်ခေါင်းမြို့၊ အမှတ်()ရပ်ကွက်ရှိ ပုဗ္ဗာရုံဓမ္မရိပ်သာ ကျောင်းတိုက်တို့မှ သံဃာတော်များနှင့် သာသနာ နွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်()မျိုး၊ COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများကို လည်းကောင်း၊  မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ အောင်ပင်လယ်ရွာဦးကျောင်းတိုက်မှ သံဃာတော်များနှင့်  သာသနာနွယ်ဝင်သီလရှင်များအား နေ့ဆွမ်းများကို လည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းမှူးများနှင့်     တာဝန်ရှိသူများက သွားရောက်၍ ဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်း သတင်းရရှိသည်။