တပ်မတော်ဆေးရုံများနှင့် ယာယီအရေးပေါ် ဆေးရုံများ၌ ယနေ့အထိ ပြင်ပလူနာ နှစ်သိန်းငါးသောင်းကျော် ကုသပေးနိုင်ခဲ့

နေပြည်တော်  ဇွန်  ၁၈

တပ်မတော်အနေဖြင့် ဆောင်ရွက်လျက် ရှိသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများအနက်  ပြည်သူလူထုအတွက် အဓိကအကျဆုံးဖြစ် သော ကျန်းမာရေးကဏ္ဍမြင့်မားရေးအတွက် တပ်မတော်မှပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် နယ်လှည့်ဆေးကုသရေးအဖွဲ့များ စုစည်း၍ ဒေသခံပြည်သူလူထုအား ကျန်းမာရေး စစ်ဆေးပေးခြင်း၊ လိုအပ်သည့် ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ခွဲစိတ်ရန်လိုအပ် သည့် လူနာများအား ခွဲစိတ်ကုသပေးခြင်း၊ ဆေးရုံတက်ရောက် ကုသရန် လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေး စောင့်ရှောက်ပေးခြင်းများ ဆောင်ရွက်လျက် ရှိသည်။ ၎င်းင်းအပြင် ပြည်သူလူထု၏ အရေးပေါ်ကျန်းမာရေးဆိုင်ရာ ကုသမှုများ ဆောင်ရွက်ပေးနိုင်ရန်အတွက် တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံများတွင် ကျန်းမာရေးစောင့်ရှောက်မှုများကို နေ့ည မပြတ်ဆောင်ရွက် ပေးလျက်ရှိရာ ဖေဖော် ဝါရီ  ရက်မှ ယနေ့အထိ ပြင်ပလူနာပေါင်း ၂၅၀၂၂၇ ဦးနှင့် အတွင်းလူနာပေါင်း ၇၃၅၈၉ ဦးတို့ကို ကုသပေးနိုင်ခဲ့သည်။

 ၎င်းင်းလူနာများအနက် အကြီးစားခွဲစိတ် ကုသရန်လိုအပ်သူ ၁၁၆၆၇ ဦး၊ အသေးစား ခွဲစိတ်ကုသရန်လိုအပ်သူ ၆၀၅၃ ဦး၊ စုစုပေါင်း ၁၇၇၂၀ ဦးတို့ကို ခွဲစိတ်ကုသပေး နိုင်ခဲ့သည့်အပြင်    စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ် ကုသပေးလျက်ရှိသည်။ ထို့ပြင် ကလေးမီးဖွားလူနာ ၅၉၀၈ ဦးကို ခွဲစိတ်၍လည်းကောင်း၊ ၈၅၁၆ ဦးကို သာမန် ဖြင့်လည်းကောင်း  မွေးဖွားပေးနိုင်ခဲ့ခြင်း ကြောင့် ယနေ့အထိ ကလေးငယ် ၁၄၄၂၄ ဦးကို  အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့ပြီး ဆက်လက်၍လည်း တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍမြင့်မား ရန်အတွက် အရှိန်အဟုန်ဖြင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်သည်။

ယနေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့ရှိ တပ်မတော်ဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် အရိုးရောဂါအထူးကုဆေးရုံကြီး (ခုတင်- ၅၀၀) ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းနှင့် ပဲခူးတိုင်းဒေသ ကြီး၊ တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံတို့၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော ဒေသခံပြည်သူများ၊ အရာရှိ၊  စစ်သည်၊ မိသားစုဝင်များအား သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသ ပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်း မွန်မှုအခြေအနေများအား  ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများ  ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။