ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်တို့၌ မြို့ဝင်ဘီးခွန်ဂိတ်နှင့် ကုန်တင်ယာဉ် ၃ စီးတို့အား  ဆူပူအကြမ်းဖက်သူများနှင့် လက်နက်ကိုင် သောင်းကျန်းသူများက မီးရှို့ဖျက်ဆီး

နေပြည်တော်၊ ဇွန် ၁၉

   

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်တို့၌ မြို့ဝင် ဘီးခွန်ဂိတ်နှင့် ကုန်တင်ယာဉ် ၃ စီးတို့အား  ဆူပူအကြမ်းဖက်သူများနှင့် လက်နက်ကိုင် သောင်းကျန်းသူများက  မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

   

ဖြစ်စဉ်မှာ ဇွန်လ ၁၈ ရက်နေ့ ည ၇ နာရီ ၂၀ မိနစ်အချိန်တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ လှိုင်းဘွဲ-ပိုင်ကျုံးကားလမ်းဘေးရှိ လှိုင်းဘွဲမြို့ဝင် ဘီးခွန်ဂိတ်အား အမျိုးသား ၁ ဦးမှ ဓာတ်ဆီလောင်းမီးရှို့ဖျက်ဆီးရန် ပြုလုပ်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ လှိုင်းဘွဲမြို့နယ်၊ ကော့ဝန်းကျေးရွာနေ စောရှားထိုဟီ(၂၂)နှစ် (ဘ)ဦးစောဖလအယ်သည် ဓာတ်ဆီဘူးဖြင့် အဆိုပါဂိတ်၏ အခင်းနှင့် အကာများကို ပက်ဖျန်းကာ မီးရှို့ရန် ပြုလုပ်နေစဉ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

   

အလားတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ တာလုံကျေးရွာနှင့် မော်တောင် ကျေးရွာကြား မူဆယ်-လားရှိုး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ်(၂၆၈)အနီး၌ KIA/TLNA လက်နက်ကိုင်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့ က မူဆယ်မှ လားရှိုးဘက်သို့ မောင်းနှင် လာသည့် ကုန်တင်တွဲကား ၃ စီးအနက် ၂ စီးအား ကားလမ်းပေါ်၌ ကန့်လန့်ပိတ်ရပ်ကာ ကျန်ယာဉ် ၁ စီး၏ ယာဉ်ခေါင်းခန်းအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

   

အထက်ပါဖြစ်စဉ်မှ မြို့ဝင်ဘီးခွန်ဂိတ်အား မီးရှို့ဖျက်ဆီးရန် ပြုလုပ်ခဲ့သူနှင့် မော်တော်ယာဉ် အား မီးရှို့ဖျက်ဆီးခဲ့သူ ဆူပူအကြမ်းဖက်သူများနှင့် လက်နက်ကိုင်သောင်းကျန်းသူများအား ဥပဒေနှင့် အညီအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။