ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကျင်းပခဲ့သော ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလားခရိုင်ပေါင်းစုံ့-၂၅ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ပထမဆုဆွတ်ခူး ရရှိခဲ့သော ပူတာအိုခရိုင် အမျိုးသမီး ဘောလုံးအသင်းအား ဇွန် ၁၉ ရက်က ပူတာအိုလေဆိပ်၌ တာဝန်ရှိသူများက ကြိုဆိုကြသည်။
ဆက်လက်၍ ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနားကို ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ ၌ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်က အမှာစကားပြောကြားပြီး ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးမှူး ဦးခိုင်သန်းတိုးနှင့် ပူတာအိုခရိုင့် -၂၅ အမျိုးသမီးဘောလုံးအသင်းမှ တာဝန်ရှိသူများက ပထမဆုဖလားအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံ လွှဲပြောင်းပေးအပ်သည်။
ထို့နောက် တာဝန်ရှိသူတို့က ပထမဆုဖလားဆွတ်ခူး ရရှိသော ပူတာအိုခရိုင့်-၂၅ အမျိုးသမီးဘောလုံး အသင်းအား ဂုဏ်ပြုဆုငွေများပေးအပ်ပြီး ပူတာအိုခရိုင့်-၂၅ အမျိုးသမီးဘောလုံးအသင်း အသင်းခေါင်းဆောင် မဖလားဝူရှင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံ့-၂၅ အမျိုးသမီးဘောလုံး ပြိုင်ပွဲကို မြစ်ကြီးနားမြို့ ပြည်နယ်ဘောလုံးကွင်း၌ ဇွန် ၁၀ ရက်မှစတင်၍ ကချင်ပြည်နယ်အတွင်းရှိ ခရိုင် လေးခရိုင်မှ ဘောလုံးအသင်းလေးသင်းတို့က ယှဉ်ပြိုင်ကစားကြရာ နောက်ဆုံးဗိုလ်လုပွဲတွင် ပူတာအိုခရိုင် အမျိုးသမီး ဘောလုံးအသင်းက မြစ်ကြီးနားခရိုင် ဘောလုံးအသင်းအား နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲ၍ ဆုဖလား ဆွတ်ခူး ရရှိကြောင်း သိရသည်။