ပြီးခဲ့သည့်ဘောလုံးရာသီအကုန်က လိုင်ယွန်အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် ကလပ် အသင်းလက်မဲ့ ဖြစ်နေသည့် ဒီပေးကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် နှစ်နှစ်စာချုပ်အပြင် တစ်နှစ်သက်တမ်း တိုးခွင့်စာချုပ်ဖြင့် ဘာစီလိုနာအသင်းက ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။
အသက် ၂၇ နှစ်အရွယ် ဒီပေးသည် ၂၀၁၅ ခုနှစ်က အေဂျက်အသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ကစား ခဲ့သော်လည်း ခြေစွမ်းပြသနိုင်ခြင်းမရှိသည့်အတွက် ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် လိုင်ယွန်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူ ဖြစ်သည်။
၎င်းင်းသည် လိုင်ယွန်အသင်းသို့ ပြောင်းရွှေ့ကစားပြီး နောက် ခြေစွမ်းပြကစားနိုင်ခဲ့ကာ ပြီးခဲ့သည့်ဘောလုံး ရာသီကလည်း ပြိုင်ပွဲစုံ ပွဲ ၄၀ ပါဝင်ကစားခွင့်ရရှိခဲ့ပြီး ၂၂ ဂိုး သွင်းယူနိုင်ခဲ့သည်။
ဒီပေးသည် ပြီးခဲ့သည့်နှစ် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလက ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ကစားရန် နီးစပ်ခဲ့သော်လည်း လိုင်ယွန်အသင်းက ငြင်းဆိုခဲ့သည့်အတွက် တစ်နှစ်စောင့်ဆိုင်း ခဲ့ရပြီး ယခုနှစ်အပြောင်းအရွှေ့ ကာလမှသာ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ကာ ယူရို ၂၀၂၀ ပြိုင်ပွဲအပြီး ဘာစီလိုနာ အသင်းနှင့် သွားရောက် ပူးပေါင်းမည် ဖြစ်ကြောင်း သိရသည်။
Ref;Marca