ကမ္ဘာ့ထိပ်တန်းတင်းနစ်ကစားသမား ရာဖေးနာဒယ် ဝင်ဘယ်ဒန်တင်းနစ် ပြိုင်ပွဲနှင့် တိုကျိုအိုလံပစ် ပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်

ကမ္ဘာ့ထိပ်တန်း တင်းနစ်ကစားသမား တစ်ဦးဖြစ်သည့် စပိန်နိုင်ငံသား ရာဖေးနာဒယ်သည် အင်္ဂလန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲနှင့် ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် တိုကျိုအိုလံပစ် ပြိုင်ပွဲတို့တွင် ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ကြောင်း သိရသည်။

အသက် ၃၅ နှစ်အရွယ် ကမ္ဘာ့အဆင့် (၃) တင်းနစ် ကစားသမား  ရာဖေးနာဒယ်သည်  ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက  ပြင်သစ်နိုင်ငံ၌  ကျင်းပသည့် ပြင်သစ်အိုးပင်းတင်းနစ် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ဆီမီးဖိုင်နယ်အဆင့်မှ ထွက်ခွာခဲ့ရသူဖြစ်သည်။

ယခုနှစ်တင်းနစ်ရာသီ ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲကို ဇွန် ၂၈ ရက်မှ ဇူလိုင် ၁၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး   ရာဖေးနာဒယ်သည်  ပြီးခဲ့သည့် ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲအပြီး အနားယူချိန် လုံလောက်စွာ မရရှိခဲ့ သည့်အတွက် ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ ခြင်းဖြစ်ကာ တိုကျိုအိုလံပစ်ပြိုင်ပွဲကိုလည်း COVID-19  ရောဂါအကြောင်းပြချက်ဖြင့် နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲကို ပုံမှန်အတိုင်းဆိုလျှင် သုံးပတ်ခြား ကျင်းပခြင်း ဖြစ်သော်လည်း ယခုနှစ်တွင် ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲ နောက်ကျ ခဲ့သည့်အတွက် ဝင်ဘယ်ဒန် တင်းနစ်ပြိုင်ပွဲနှင့် နှစ်ပတ်သာ ခြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

Ref;Global Tennis