ဒေါ့မွန်အသင်း တောင်ပံကစားသမား ဆန်ချို၏ အပြောင်းအရွှေ့အတွက် ဇူလိုင် ၂၃ ရက် နောက်ဆုံး ထားပြီး ဆွေးနွေးမှုကို လက်ခံမည်ဟု သတိပေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
မန်ယူအသင်းသည် ဆန်ချိုကို ပြီးခဲ့သည့်နှစ် အပြောင်းအရွှေ့ ကာလကတည်းက ခေါ်ယူရန် ကြိုးစားဖူးပြီး မအောင်မြင်ခဲ့သောကြောင့် ယခုနှစ် အပြောင်းအရွှေ့ကာလတွင် ခေါ်ယူရန် ကြိုးပမ်းမှုများ ပြုလုပ်နေကာ အစောပိုင်းက ပထမအကြိမ်အဖြစ် ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၆၇ သန်းဖြင့် ကမ်းလှမ်းမှုကို ဒေါ့မွန်အသင်းက ပယ်ချခဲ့ခြင်းဖြစ် သည်။ ဒေါ့မွန်အသင်းက ဆန်ချိုအတွက် ပြောင်းရွှေ့ ကြေးကို အနည်းဆုံး စတာလင်ပေါင် ၇၇ သန်း အလိုရှိနေသည့်အတွက် ဆန်ချိုနှင့် မန်ယူအသင်း တို့ကြား အပြောင်းအရွှေ့အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားပြီ ဖြစ်သော်လည်း ဒေါ့မွန်အသင်းနှင့် မန်ယူအသင်းတို့ကြားတွင် ပြောင်းရွှေ့ကြေး သဘောတူမှု မရှိသေးဘဲ ကြန့်ကြာနေခြင်းဖြစ်သည်။
မန်ယူအသင်းက ဒုတိယအကြိမ် ကမ်းလှမ်းမှု ပြုလုပ်ရန် ပြင်ဆင်နေသော်လည်း လက်ရှိအချိန်ထိ တရားဝင်ကမ်းလှမ်းမှုများ ပြုလုပ်ခြင်း မရှိသေးသဖြင့် ဒေါ့မွန်အသင်းက လာမည့်ဘောလုံးရာသီ သစ်တွင် အသင်းမှ ကစားသမားများ စခန်းသွင်း လေ့ကျင့်ခန်းအတွက် အသင်းနှင့်လာရောက်ပူးပေါင်း ပါက ဆန်ချို၏ အပြောင်းအရွှေ့ကို လက်ခံစဉ်းစား တော့မည်မဟုတ်ဘဲ ဇူလိုင် ၂၃ ရက် နောက်ဆုံး ထားပြီး လက်ခံဆွေးနွေး ပေးမည်ဟု သတိပေးထားခြင်း ဖြစ်သည်။
မန်ယူအသင်းကလည်း ဒုတိယအကြိမ်ကမ်းလှမ်းမှုများ ပြုလုပ်ရန် ပြင်ဆင်လျက်ရှိပြီး လက်ရှိကျင်းပနေသည့် ယူရို ၂၀၂၀ ပြိုင်ပွဲအပြီးတွင် အပြီးသတ် ခေါ်ယူနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
Ref;Bild