မန်စီးတီးအသင်းသည် စပါးအသင်းနှင့် အနာဂတ် မရေမရာ ဖြစ်နေသည့် တိုက်စစ်မှူး ဟယ်ရီကိန်းကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၁၀၀ အပြင် ကစားသမားတစ်ဦးပါ အလိုက်ပေးကမ်းလှမ်းမှုများ စတင်နေသည်ဟု သတင်းထွက်ပေါ်ခဲ့ကြောင်း သိရသည်။
ဟယ်ရီကိန်းသည် စပါးအသင်းတွင် တစ်ဦးချင်း အောင်မြင်မှုများ ရရှိခဲ့သော်လည်း အသင်းနှင့်အတူ ဆုဖလား ဆွတ်ခူးနိုင်ခြင်း မရှိသကဲ့သို့ လာမည့်ဘောလုံး ရာသီတွင်လည်း ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပြိုင်ပွဲတို့နှင့် လွဲချော်ခဲ့ရသည့်အတွက် အသင်းမှထွက်ခွာခွင့် တောင်းဆိုထားသူဖြစ်သည်။
ဟယ်ရီကိန်းကို မန်စီးတီးအသင်းအပြင် မန်ယူ၊ ချယ်လ်ဆီးနှင့် ပီအက်စ်ဂျီအသင်း တို့ကလည်း စောင့်ကြည့်မှုများ ပြုလုပ်နေသည့်အတွက် မန်စီးတီး အသင်းက လက်ဦးမှုရယူရန် ပြောင်းရွှေ့ကြေး စတာ လင်ပေါင် သန်း ၁၀၀ အပြင် ကစားသမားတစ်ဦးကိုပါ အလိုက်ပေးရန် ကမ်းလှမ်းထားသော်လည်း မည်သည့် ကစားသမားအား အလိုက်ပေးကမ်းလှမ်းထားသည်ကို ဖော်ပြခဲ့ခြင်း မရှိပေ။
စပါးအသင်းကလည်း ဟယ်ရီကိန်းအား မရောင်းချ လိုသောကြောင့် ၎င်းင်းအတွက် ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် သန်း ၁၂၀ သတ်မှတ်ထားကြောင်း သိရသည်။
Ref;Dailymail