မြို့နယ်အချို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အေးချမ်းစွာ နေထိုင်သော ပြည်သူလူထုအချို့အား လက်နက်ကိုင်အကြမ်းဖက်သူများက အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်

နေပြည်တော်၊ ဇွန် ၂၃

တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အေးချမ်းစွာ နေထိုင်နေကြသော ပြည်သူလူထုအချို့အား လူထုအတွင်း အကြောက်တရားများလွှမ်းမိုး လာစေရန်နှင့် ငါနှင့်မတူ ငါ့ရန်သူဟူသည့် တစ်ဖက်သက်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သူများက သေနတ်များ၊ တုတ်/ဓားများအသုံးပြုကာ အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်လျက်ရှိသည်။

ထိုသို့လုပ်ဆာင်ရာတွင် ယနေ့ နံနက် ၇ နာရီ ၁၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ်(၁၃) ရပ်ကွက်၊ သီရိမြိုင်(၁၀)လမ်း၊ တိုက်အမှတ်(၆၅၅/အေ)ရှေ့၌ အမျိုးသား ၁ ဦး သေနတ် ဒဏ်ရာဖြင့် သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါ ရပ်ကွက်နေ ဦးကျော်အေး(ခ)ကျော်ကြီး(၅၀)နှစ် (ဘ)ဦးမောင်ခင်သည် နေအိမ်မှ ၎င်းဖွင့်လှစ်ထား သည့် အာရုဏ်ဦး လက်ဖက်ရည်ဆိုင်သို့ လမ်းလျှောက်သွားစဉ် နောက်မှ လမ်းလျှောက်လာသူ အကြမ်းဖက်သူ အမျိုးသား ၁ ဦးက သေနတ်ဖြင့် ၂ ချက် ပစ်ခတ် ထွက်ပြေးသွားခဲ့သဖြင့် ဦးကျော်အေး(ခ)ကျော်ကြီးတွင် နောက်ကျောမှ ဖောက်ဝင်ဒဏ်ရာ ၂ ချက် ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များတွင် အုပ်ချုပ်ရေးပိုင်ဆိုင်ရာ တာဝန်ရှိသူများနှင့် အေးချမ်းစွာနေထိုင် နေကြသော ပြည်သူလူထုများအား ငါနှင့်မတူ ငါ့ရန်သူဟူသည့် တစ်ဖက်သက်အစွန်းရောက် ဂိုဏ်းဂဏစွဲ အပေါ်အခြေခံကာ အကြောင်းမဲ့ ရက်စက်ယုတ်မာစွာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် အကြမ်းဖက်သ များအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။