မန်ယူအသင်းသည် ၂၀၂၁-၂၀၂၂ ဘောလုံး ရာသီမတိုင်မီ ရာသီကြိုခြေစမ်းပွဲစဉ်အဖြစ် ကျူပီအာ၊ ဒါဘီ၊ ဘရန့်ဖို့ဒ်၊ အဲဗာတန်အသင်းတို့နှင့် ခြေစမ်းပွဲ လေးပွဲကစားရန် စီစဉ်ထားကြောင်း သိရသည်။
မန်ယူအသင်းသည် နှစ်စဉ် ရာသီသစ်မတိုင်မီ ခြေစမ်းပွဲစဉ်အဖြစ် အသင်းအမာခံပရိသတ် အမြောက်အမြားရှိသည့် အာရှဒေသသို့ ထွက်ခွာလေ့ရှိသော်လည်း နောက်ပိုင်းနှစ်များတွင် စီးပွားရေးအရ အချက်အချာကျသည့် အမေရိကန်နိုင်ငံသို့ သွားရောက်ခဲ့သည်။
သို့သော် လက်ရှိအချိန်တွင် နိုင်ငံအများစုတွင် COVID-19 ရောဂါကြောင့် ခရီးသွားလာခွင့်ကန့် သတ်ချက်များရှိနေပြီး နိုင်ငံဝင်ရောက်ခွင့်များကိုပါ ပိတ်ပင်ထားသည့်အတွက် ပြည်ပခြေစမ်းပွဲခရီးသွား ရောက်တော့မည်မဟုတ်ဘဲ ပြည်တွင်းခြေစမ်းပွဲလေးပွဲကစားရန် ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။
မန်ယူအသင်းသည် ခြေစမ်းပွဲစဉ်လေးပွဲအဖြစ် ဇူလိုင် ၁၈ ရက်တွင် ဒါဘီအသင်း၊ ဇူလိုင် ၂၄ ရက်တွင် ကျူပီအာအသင်း၊ ဇူလိုင် ၂၈ ရက်တွင် ဘရန့်ဖို့ဒ် အသင်း၊ သြဂုတ် ၇ ရက်တွင် အဲဗာတန်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
မန်ယူအသင်းသည် ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ အဖွင့်ပွဲစဉ်အဖြစ် သြဂုတ် ၁၄ ရက်တွင် လိဒ်ယူနိုက် တက်အသင်းကို အိမ်ကွင်း၌ လက်ခံကစားရမည်ဖြစ်ကြောင်း သိရသည်။
Ref;Football London