ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များထံမှ လက်နက်လုယူရန် ကြိုးစားခဲ့သူ အကြမ်းသမား ၁ ဦးအား ခြောက်လှန့်ပစ်ခတ်ဖမ်းဆီး

နေပြည်တော်၊ ဇွန် ၂၄

 

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များထံမှ လက်နက်လုယူရန် ကြိုးစားခဲ့သူ အကြမ်းသမား ၁ ဦးအား ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

 

 

ဖြစ်စဉ်မှာ ဇွန်လ ၂၃ ရက်နေ့ ည ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် မဘိမ်းမြို့နယ်၊ ငါးအိုးကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော တပ်ဖွဲ့ဝင်များ ရှိရာသို့ အမျိုးသား ၁ ဦး မောင်းနှင်လာသောဆိုင်ကယ်သည် ကျောင်းအနီးသို့ မသင်္ကာဖွယ်ကပ် လာသည်ကို တွေ့ရှိရသဖြင့် စစ်ဆေးရန် ရပ်တန့်ခိုင်းရာ ရပ်တန့်ပေးခြင်းမရှိဘဲ မောင်းနှင် ထွက်ပြေးသွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးခဲ့သည်။

 

ထိုသို့လိုက်လံဖမ်းဆီးခဲ့ရာ အဆိုပါဆိုင်ကယ်အား ငါးအိုးကျေးရွာအနီးတွင် တားဆီးရမိခဲ့ပြီး မေးမြန်းနေစဉ် ၎င်းအမျိုးသားမှ ၎င်းအနီးတွင်ရှိနေသော လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးထံမှ လက်နက်အား လုယူရန်ကြိုးစားခဲ့သဖြင့် လုံခြုံရေတပ်ဖွဲ့ဝင်တစ်ဉီးမှ ခြောက်လှန့်ပစ်ခတ်ခဲ့ရာ အဆိုပါအမျိုးသား၏ ဝဲလက်တံတောင် ဆစ်နှင့် ဝဲလက်ပြင် ဖောက်ဝင်ဒဏ် ရာများရရှိ သေဆုံးခဲ့သဖြင့် ၎င်းစီးနင်းလာသော စစ်ဆေးရှာဖွေခဲ့ရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ အပြာရောင်ကပ်ခွာအိတ်အတွင်းထည့်ထားသော WY စာတမ်းပါစိတ်ကြွ ရူးသွပ်ဆေးပြား ၆၆ ပြား၊ လက်ပစ်ဗုံး ၁ လုံး တို့အား သိမ်းဆည်းရမိခဲ့သည်။

 

ဖြစ်စဉ်တွင် လူသေဆုံးခဲ့မှုနှင့်ပတ်သက်၍ ရဲလုပ်ငန်းများနှင့်အညီ သေမှုသေခင်းရေးဖွင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။