နောင်ချိုမြို့၊ ဟော်တော်ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း တည်ထားကိုးကွယ်တော် မူသော သာသနာ-၂၅၀၀ စေတီတော်မြတ်ကြီး ထီးတော်တင်လှူပွဲပြုလုပ်

နေပြည်တော်၊ ဇွန် - ၂၄

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၊ ဟော်တော်ဘုန်းတော်ကြီးကျောင်းဝန်း အတွင်း တည်ထားကိုးကွယ်တော်မူသော သာသနာ-၂၅၀၀ စေတီတော်မြတ်ကြီး ထီးတော်တင်လှူပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်မြတ်ကြီး၌ ပြုလုပ်ရာ နောင်ချိုမြို့၊ ဟော်ကော်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝါသေဌ အမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း နှင့်အဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ကြ သည်။

 

ဦးစွာ ဒုတိယတိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဟော်ကော်ကျောင်း တိုက် ဆရာတော်ထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် ဒုတိယ တိုင်းမှူးနှင့် တာဝန်ရှိသူများက သံဃာတော်များအား စိန်ဖူးတော်၊ ငှက်မြတ်များတော် နှင့် ရွှေထီးတော်ဘုံအဆင့်များကို ဆက်ကပ်လှူဒါန်းပြီး ဟော်ကော်ကျောင်းတိုက် ဆရာတော်က အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

 

ဆက်လက်၍ ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်၊ အရန်ရွှေထီးတော်များနှင့် ပစ္စည်းများအား ပန်းရထား ဖြင့် စေတီတော်အထွဋ်သို့ တင်လှူပူဇော်ကြသည်။ ၎င်းနောက် ဒုတိယတိုင်းမှူးနှင့် အလှူရှင်များက သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။