ဂျူဗင်တပ်စ်အသင်းက အသင်းနှင့် အနာဂတ်မရေမရာ ဖြစ်နေသည့် စီရော်နယ်ဒို၏နေရာ၌ အစားထိုးရန်အတွက် ကစားသမားသစ်ခေါ်ယူမှု ပြုလုပ်ရန် စတင်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
စီရော်နယ်ဒိုသည် အသင်းနှင့်စာချုပ်သက်တမ်း တစ်နှစ်ကျန်ရှိနေသော်လည်း ဂျူဗင်တပ်စ်အသင်းက ၎င်းင်းကို မြင့်မားသည့် လုပ်ခလစာငွေပေးချေနေရမှုကြောင့် အစောပိုင်းကတည်းက လာမည့်နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလတွင် ရောင်းချလိုနေပြီး လက်ရှိတွင် နည်းပြသစ်အဖြစ် အယ်လီဂရီနီ ခန့်အပ် ခံခဲ့ရပြီးနောက်ပိုင်း စီရော်နယ်ဒိုနှင့် ဂျူဗင်တပ်စ်အသင်းတို့အနာဂတ်မှာ ပိုမိုလှုပ်ခတ်လာခြင်း ဖြစ်သည်။
ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီနီက ၎င်းစိတ်ကြိုက်ကစားသမားဖြစ်သည့် မိုရာတာကို ခေါ်ယူလိုသော်လည်း အက်သလက်တီကိုအသင်းမှ တစ်နှစ်ထပ်မံ စာချုပ်ချုပ်ဆို ခဲ့သည့်အတွက် ဒိုင်ဘာလာကို မရောင်းချတော့ဘဲ စီရော်နယ်ဒိုကိုသာ ရောင်းချမည်ဖြစ်သည်။
နည်းပြ အယ်လီဂရီနီက စီရော်နယ်ဒို၏နေရာ၌ အစားထိုးရန် ကစားသမားသစ် ရှာဖွေမှု စတင်ပြုလုပ်နေပြီး ဦးစားပေး ပစ်မှတ်များအဖြစ် အနာဂတ်မရေမရာ ဖြစ်နေသည့် မန်စီးတီးအသင်းမှ ဂျီးဆပ်နှင့် ရိုးမားအသင်းမှ ဒီဇီကိုတို့ကို ဦးစားပေးပစ်မှတ်အဖြစ် ကမ်းလှမ်းရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
Ref;Goal