တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း(အမျိုးသား/အမျိုးသမီး) ဘော်လီဘော ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ ဇွန် - ၂၅

တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ ၂၀၂၁ ခုနှစ်၊ တိုင်းမှူးဒိုင်း(အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ စစ်ရေးပြကွင်း ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့်အဖွဲ့ဝင်များ၊ တပ်နယ်အလိုက် ပြိုင်ပွဲဝင်အသင်းများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အဖွင့်ပွဲစဉ်များ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှု အားပေးကြသည်။

အဆိုပါတိုင်းမှူးဒိုင်း ဘော်လီဘောပြိုင်ပွဲအား တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်နယ်များမှ ပြိုင်ပွဲဝင်အမျိုးသားအသင်း ၁၅ သင်းနှင့် အမျိုးသမီးအသင်း ၁၆ သင်း တို့ဖြင့် ဇူလိုင် ၅ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။