COVID-19 ပရဟိတကွန်ယက်၊ COVID-19 Operation Team နှင့် Freedom Volunteer ကွန်ယက်များသို့ COVID-19 ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ လှူဒါန်း

နေပြည်တော်၊ ဇွန် - ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ COVID-19 ပရဟိတကွန်ယက်၊ COVID-19 Operation Team နှင့် Freedom Volunteer ကွန်ယက်များသို့ COVID-19 ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်း တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် နိုင်နိုင်ဦး နှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)စီမံအုပ်ချုပ်ရေး အဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပရဟိတအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး COVID-19 ရောဂါကာကွယ် ရေးအထောက်အကူပြုပစ္စည်းများဖြစ်သည့် Mask ၂၀၀၀ ခု၊ PPE ဝတ်စုံ ၁၀၀ စုံနှင့် စက်သုံးဆီ ၁၀၀ ဂါလန်တို့ကို ပေးအပ်ရာ ပရဟိတအဖွဲ့များမှ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် လားရှိုးမြို့ ပြည်ထောင်စုအားကစားရုံ ၌ Ouarantine Centre ထားရှိရန် ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။