ဘိုင်ယန်မြူးနစ်အသင်း ကစားသမားဟောင်းတစ်ဦးဖြစ်သည့် လိုင်လီအသင်းမှ ကွင်းလယ်ကစားသမား ရီနာတိုဆန်းချက်ကို တစ်ကျော့ပြန်လည်ခေါ်ယူရန် ပြင်ဆင်လာ

ဘိုင်ယန်မြူးနစ်အသင်းသည် ကစားသမားဟောင်း တစ်ဦးဖြစ်သည့် လိုင်လီအသင်းမှ ကွင်းလယ်ကစားသမား   ရီနာတိုဆန်းချက်ကို   တစ်ကျော့ပြန်လည်ခေါ်ယူရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

အသက် ၂၃ နှစ်အရွယ် ရီနာတိုဆန်းချက်သည် ယူရို ၂၀၁၆ ပြိုင်ပွဲက ပေါ်တူဂီအသင်းနှင့် အကောင်း ဆုံးခြေစွမ်းပြ နိုင်ခဲ့သည့်အတွက် ဘိုင်ယန်မြူးနစ်အသင်းက   ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၆၈ သန်းဖြင့် ဘင်ဖီကာအသင်းမှ ခေါ်ယူခဲ့ခြင်းဖြစ်သည်။

သို့သော် ရီနာတိုဆန်းချက်သည် ဘိုင်ယန်မြူးနစ် အသင်း၌  နှစ်နှစ်ကြာကစားခဲ့သော်လည်း ပွဲထွက် ခွင့်မရရှိဘဲ ရုန်းကန်ခဲ့ ရသည့်အတွက် ၂၀၁၈ ခုနှစ်က  ဆွမ်ဆီးအသင်းထံ တစ်နှစ်အငှားစာချုပ်ဖြင့် သွားရောက်ကစားပြီး  ၂၀၁၉  ခုနှစ်က လိုင်လီအသင်းသို့ အပြီးသတ်ပြောင်းရွှေ့ကစားခဲ့သူ ဖြစ်သည်။

ရီနာတိုဆန်းချက်သည် ပြီးခဲ့သည့်ဘောလုံးရာသီက လိုင်လီအသင်း  ပြင်သစ်လီဂူးပြိုင်ပွဲ၌  ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ရာတွင်  ခြေစွမ်းပြနိုင်ခဲ့ သကဲ့သို့ လက်ရှိကျင်းပနေသည့် ယူရို ၂၀၂၀ ပြိုင်ပွဲတွင်လည်း ပေါ်တူဂီ အသင်းနှင့် ခြေစွမ်းပြနေသည့်အတွက် ပြန်လည်ခေါ်ယူရန် ပြင်ဆင်နေခြင်း ဖြစ်သည်။   ၎င်းကိုရောင်းချခဲ့စဉ် ကတည်းက ပေါင် ၂၅ သန်းဖြင့် ပြန်လည်ခေါ်ယူခွင့်ရှိသည့်အတွက် အလွယ်တကူ ပြန်လည်ခေါ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။                 

 Ref;Bild