နေပြည်တော်၊ သြဂုတ် - ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ကိုးပင် ချောင်းရေ တိုက်စားမှုကြောင့် ရွှေဘို-မြစ်ကြီးနားသွား ကားလမ်းပေါ်ရှိ ကိုးပင်ချောင်းကူး တံတား၊ ရွှေဘိုဘက်ခြမ်းချဉ်းကပ်လမ်း ၁၀ ပေခန့်နှင့် မြစ်ကြီးနားဘက်ခြမ်း ချဉ်းကပ် လမ်း ၃၀ ပေခန့် ရေတိုက်စားခဲ့ပြီး မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ခြင်းမရှိဘဲ လမ်းကြောင်း ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါ ရေတိုက်စားပြီး ပျက်စီးခဲ့သည့် နေရာသို့ ယနေ့ညနေပိုင်းတွင် အနောက် မြောက် တိုင်းစစ်ဌာနချုပ်၊ ရွှေဘိုတပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးကြီး သက်ထွန်းနှင့် တပ်မတော် သားများက ရွှေဘိုမြို့နယ်ဌာန ဆိုင်ရာ ဝန်ထမ်းများနှင့် ပူးပေါင်း၍ မော်တော်ယာဉ်များ ပြန်လည် ဖြတ်သန်းသွား လာနိုင်ရေး သဲအိတ်များနှင့် ကျောက်တုံးများ ချထားပေးခြင်း၊ လမ်းပြန်လည် ပြုပြင်ခြင်းများနှင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။