ဟုမ္မလင်းမြို့ရှိ ဟုမ္မလင်းကောလိပ်၌ COVID – 19 ရောဂါပိုး တွေ့ရှိလူနာများ ထားရှိနိုင်ရေး အတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်

နေပြည်တော်၊ ဇွန် - ၂၆

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ရှိ ဟုမ္မလင်းကောလိပ်၌ COVID – 19 ရောဂါပိုး တွေ့ရှိ လူနာများ ထားရှိနိုင်ရေးအတွက် ယနေ့တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် မိသားစုဝင်များ၊ ဟုမ္မလင်းမြို့နယ်၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက အဆောင်အတွင်း/ အပြင် သန့်ရှင်းရေးပြုလုပ်ပေးခြင်း၊ အမှိုက်များရှင်းလင်းပေးခြင်း၊ လူနာများ ထားရှိရန် ခုတင်များ နေရာချထားပေးခြင်း စသည့် သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက် ပေးသည်။

 

ယင်းသို့ဆောင်ရွက်ပေးနေမှုများကို ဟုမ္မလင်းတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။