ပါရမီပျိုးခင်းသွေးလှူအသင်းမှ မန္တလေးနန်းမြို့ရှိ နယ်မြေခံဆေးတပ်ရင်းနှင့် ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံသို့ လာရောက် သွေးလှူဒါန်း

နေပြည်တော်၊ ဇွန် - ၂၆

 

မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ဆေးရုံများ၌ ပြသရန် အခက်အခဲရှိသည့် ရပ်နီး/ ရပ်ဝေးမှ ကျန်းမာရေးချို့တဲ့သည့် ပြည်သူများအား အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဖွင့်လှစ်ထားရှိသည့် ယာယီအရေးပေါ်ကုသရေးဆေးရုံနှင့် ကွပ်ကဲမှုအောက် တပ်နယ်များရှိ တပ်မတော်ဆေးရုံများ၌ ကုသပေးလျက်ရှိသည်။

 

အဆိုပါ ဆေးရုံများ၌ ဆေးကုသမှုခံယူလျက်ရှိသော လူနာများအတွက် သွေးလိုအပ် မှုအား တစ်ဖက်တစ်လမ်းမှ အထောက်အကူရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ ပါရမီပျိုးခင်းသွေးလှူအသင်းမှ မန္တလေးနန်းမြို့ရှိ နယ်မြေခံဆေးတပ်ရင်းနှင့် ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံတို့၌ လာရောက် စုပေါင်းသွေးလှူဒါန်းကြသည်။

 

ယင်းသို့ သွေးလှူဒါန်းနေမှုများကို မန္တလေးတပ်နယ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။