အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအတွက် အလှူရှင်များက COVID-19 ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ လှူဒါန်း

နေပြည်တော်၊ ဇွန် - ၂၆

 

 

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ နှင့် ဒေသခံတိုင်းရင်းသားပြည်သူများအတွက် COVID-19 ကာကွယ်ရေးအထောက် အကူပြုပစ္စည်းများအား အလှူရှင်များက ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်း တွင် တိုင်းစစ်ဌာနချုပ်၊ ရွှေလီရိပ်သာရှိ ရွှေလီရတနာဧည့်ခန်းမဆောင်၌ ပြလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် နိုင်နိုင်ဦးနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ကြသည်။

 

 

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် လောက်ကိုင် မြို့၊ ဟွာနားကုမ္ပဏီ ဉက္ကဋ္ဌ ဦးမင်းခန့်နှင့် အလှူရှင်များ က COVID-19 ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများဖြစ်သည့် Face Mask ၁၀၀၀၀၀ ခု၊ N-95 Mask ၂၀၀၀၀ ခု၊ ရေမလိုလက်သန့်ဆေးရည် ၂၄၀၀ ဗူး၊ အရက်ပျံ ၂၄၀၀ ဗူးနှင့် PPE ဝတ်စုံ ၁၀၀၀ စုံတို့ကို ပေးအပ်လှူဒါန်းရာ တိုင်းမှူးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ များ ပြန်လည်ပေးအပ်သည်။

 

 

ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် လားရှိုးမြို့ ပြည်ထောင်စုအားကစားရုံ ၌ Quarantine Centre ထားရှိရန် ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး COVID-19 ရောဂါကာကွယ်ရေးအထောက်အကူပြု ပစ္စည်း များဖြစ်သည့် Face Mask ၅၀၀၀ ခု၊ ရေမလိုလက်သန့်ဆေးရည် ၄၈ ဗူး၊ အရက်ပျံ ၄၈ ဗူး၊ PPE ဝတ်စုံ ၂၂၀ စုံနှင့် အလှူငွေကျပ် ၅ သိန်းတို့အား ပေ;အပ်လှူဒါန်းရာ လားရှိုးမြို့ ပေါ်ရှိ COVID-19 ပရဟိတကွန်ယက်၊ COVID1-9 Operation Team နှင့် Freedorm Volunteer ကွန်ယက်များမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သတင်း ရရှိသည်။