COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ၊ စားသောက်ဖွယ်ရာ များနှင့် အသုံးအဆောင် ပစ္စည်းများအား တပ်မတော် လေယာဉ်ဖြင့် စစ်တွေမြို့သို့ ကူညီပို့ဆောင်

နေပြည်တော်၊ သြဂုတ် - ၃၁

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး ဦးစီးဌာနနှင့် UEHRD အဖွဲ့တို့မှ COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ၊ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင် ပစ္စည်းများအား ယနေ့တွင် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ပို့ဆောင်ကြရာ တပ်မတော်မှ လေယာဉ်ဖြင့် ကူညီပို့ဆောင်ပေးသည်။

ထိုသို့ကူညီ ပို့ဆောင်ရာတွင် အဆိုပါ လေယာဉ်ဖြင့် Personal Protective Equipment (PPE)  ဝတ်စုံ ၁၈၆ အိတ်၊ Face Mask   ၃၀ ထုပ်၊ ဖိနပ် ၈ အိတ်၊ လက်အိတ် ၂ ထုပ်၊  အဝတ်နှာခေါင်းစည်း ၁၀၇ ဖာ၊ ခေါက်ဆွဲခြောက် ၈၄ အိတ်၊ စောင်၊ ချည်ထောင် ၃၇ အိတ်၊ ခေါင်းအုံး ၅၀ အိတ်၊ ခေါင်းအုံးစွပ် ၁ အိတ်၊ မွေ့ယာ ၁၀၀  ခုနှင့် ရေသန့် ၃၅၀ ကတ်တို့ကို တင်ဆောင်လာပြီး စစ်တွေလေဆိပ်၌ သက်ဆိုင်ရာမှ တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။