လားရှိုးမြို့ရှိ ဧလိမ်မိဘမဲ့ ဂေဟာနှင့် ချစ်ခြင်းမေတ္တာ ဂေဟာများအတွက် ဆန်၊ ဆီ၊ ပဲ၊ ကြက်ဥများ၊ အားကစား ပစ္စည်းများနှင့် နှာခေါင်းစည်းများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ သြဂုတ် - ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရပ်ကွက်(၁၀) နယ်မြေ(၈)ရှိ ဧလိမ်မိဘမဲ့ ဂေဟာသို့ ယနေ့နံနက်ပိုင်းတွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေးနှင့် အဖွဲ့ဝင်များက သွားရောက်၍ အဆိုပါ မိဘမဲ့ဂေဟာအတွက် ဆန်၊ ဆီ၊ ပဲ၊ ကြက်ဥများ၊ အားကစား ပစ္စည်းများနှင့်COVID-19   ရောဂါကာကွယ်ရေး အတွက် နှာခေါင်းစည်းများ ပေးအပ်လှူဒါန်းရာ ဧလိမ်မိဘမဲ့ဂေဟာ တာဝန်ခံ ဒေါ်နန်းဆိုင်က လက်ခံရယူသည်။

ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် လားရှိုးမြို့၊ အောင်သစ္စာ တိုးချဲ့ရပ်ကွက်ရှိ ချစ်ခြင်းမေတ္တာ ဂေဟာသို့ သွားရောက်၍ အဆိုပါ ဂေဟာအတွက် ဆန်၊ ဆီ၊ ပဲ၊ ကြက်ဥများ၊ အားကစား ပစ္စည်းများနှင့် COVID-19  ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်း စည်းများ ပေးအပ်လှူဒါန်းရာ ချစ်ခြင်းမေတ္တာဂေဟာ တာဝန်ခံ ဦးနော်ခမ်းက လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။