နေပြည်တော် သြဂုတ် ၃၁
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝါရှောင်ကျေးရွာ အနီးရှိ ၁၃ ကီလိုမီတာ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က မော်တော်ယာဉ်ဖြတ်သန်း သွားလာမှုများအား စစ်ဆေးဆောင်ရွက်စဉ် သြဂုတ် ၃ဝ ရက်ညနေ ၅ နာရီခန့်တွင် ဆဒုံးမြို့ဘက်မှ ဝိုင်းမော်မြို့ဘက်သို့ ဆန်ပေါင်း(ဘ)ဦးဆန်ရမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်အတွင်းသိုဝှက်သယ်ဆောင်လာသည့် ဘိန်းစိမ်း၂၁၂၇ ဂရမ်(ခန့်မှန်း တန်ဖိုးငွေကျပ် ၃၁ သိန်းကျော်)ကို တွေ့ရှိဖမ်းဆီး ရမိခဲ့သည်။
အဆိုပါ မော်တော်ဆိုင်ကယ်၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအား ဝိုင်းမော်မြို့နယ်ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်း ရရှိသည်။