နေပြည်တော်၊ ဇူလိုင် ၅
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးအား လက်နက်ကိုင်သောင်းကျန်းသူများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၄ ရက်နေ့ ည ၁၁ နာရီ ၁၀ မိနစ်ခန့်တွင် ရွှေကူမြို့နယ်ရှိ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးအား လက်နက်ကိုင်သောင်းကျန်းသူများက ရဲတပ်ဖွဲ့မှူးရုံး၏ အရှေ့ဘက်နှင့် တောင်ဘက်တို့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ ည ၁၁ နာရီ ၂၅ မိနစ် အချိန်တွင် လက်နက်ကိုင်သောင်းကျန်းသူများ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး ထိတွေ့မှုဖြစ်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မိသားစုများ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ရွှေကူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့် လက်ကိုင်သောင်းကျန်းသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။