COVID-19 ရောဂါကုသရေးတွင် အထောက်အကူပြုစေရန်အတွက် တပ်မတော်က အောက်ဆီဂျင်အိုးများ လှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၆

COVID-19 ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများကို ကုသရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင် အောက်ဆီဂျင်လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော်အနေဖြင့် အောက်ဆီဂျင်အိုးများကို ဆေးရုံများနှင့် COVID-19 ရောဂါကုသရေးဌာနများအရောက် သွားရောက်လှူ ဒါန်းလျက်ရှိသည်။
    
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်း မြို့နယ် နာရေးကူညီမှုအသင်း၊ လူမှုရေးရာကူညီမှုအဖွဲ့များထံသို့ အောက်ဆီဂျင် အိုး ၂၂ လုံးကို သန်လျင်တပ်နယ်မှ တပ်မတော်သားများက တပ်မတော် Oxygen Plan များမှ အောက်ဆီဂျင်များဖြည့်သွင်းပြီး သွားရောက်ပေးအပ်လှူဒါန်းခဲ့ ကြောင်း သတင်းရရှိသည်။