နေပြည်တော်၊ သြဂုတ် - ၄
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ပြည်သူ့စစ်(ဌာနေ) ဖွဲ့ဝင်များအား ယနေ့မွန်းလွဲပိုင်း တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များက နယ်မြေခံ တပ်ရင်းခန်းမ၌ သွားရောက်တွေ့ဆုံသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင် များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးကာ ချီးမြှင့်ငွေ၊ ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ ယင်းနောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ထို့ပြင် နယ်မြေခံဆေးကုသရေး အဖွဲ့က ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များကို သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ မျက်စိ၊နား၊နှာခေါင်း၊ လည်ချောင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေး နေမှုများကို တိုင်းမှူးနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သတင်း ရရှိသည်။