မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ရွှေမြဝတီ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး စင်တာသို့ ဆေးဝါးပစ္စည်းများ၊ စားသောက်ဖွယ်ရာနှင့် အလှူငွေများပေးအပ်လှူဒါန်း

မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ရွှေမြဝတီ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး စင်တာသို့ ဆေးဝါးပစ္စည်းများ၊ စားသောက်ဖွယ်ရာနှင့် အလှူငွေများပေးအပ်လှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၁၆

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်အတွက် အထောက်အကူပြု ပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ အလှူငွေများ၊ အောက်ဆီဂျင်အိုးများနှင့် အာဟာရ ဖြည့် စားသောက်ဖွယ်ရာများကို တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများသို့ သွားရောက် လှူဒါန်းလျက်ရှိသည်။

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄) ရပ်ကွက်၌ ဖွင့်လှစ်ထားရှိသည့် ရွှေမြဝတီ ကိုဗစ်- ၁၉ ရောဂါ ကာကွွယ်၊ ထိန်းချုပ်၊ ကုသရေးစင်တာသို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ သင်္ကန်းညီနောင် တပ်နယ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အထောက်ကူပြုဆေးဝါး ပစ္စည်း များ၊ အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် အလှူငွေကျပ် ၆၅ သိန်းတို့ကို သွားရောက်ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။