မန္တလေးခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်း(Volunteer)များနှင့် ပရဟိတအဖွဲ့ဝင်များ အား တွေ့ဆုံထောက်ပံ့

မန္တလေးခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်း(Volunteer)များနှင့် ပရဟိတအဖွဲ့ဝင်များ အား တွေ့ဆုံထောက်ပံ့

နေပြည်တော်၊ ဇူလိုင် - ၁၆

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ဆောင်ရွက်ပေးလျက်ရှိသည့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်း(Volunteer) များအား  တွေ့ဆုံပွဲကို ယနေ့နေ့လယ်ပိုင်းတွင် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီရုံးရှိ မြို့တော်ခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်း(Volunteer)များနှင့် ပရဟိတ အဖွဲ့ဝင်များ  တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌက အမှာစကားပြောကြား ပြီး စေတနာ့ဝန်ထမ်း(Volunteer) များနှင့် ပရဟိတအသင်းအဖွဲ့များ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များညှိနှုင်းဆောင်ရွက်ပေးသည်။ ထို့နောက် တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌက စေတနာ့ဝန်ထမ်း(Volunteer) များနှင့် ပရဟိတအသင်း အဖွဲ့များအတွက် အလှူငွေကျပ်သိန်း ၁၀၀ နှင့် PPE ဝတ်စုံ ၅၀၀ စုံအား လည်းကောင်း၊ တိုင်းမှူးက ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးအထောက်အကူပြု Mask ၂ သိန်းနှင့် ပရဟိတအသင်းများရှိ မော်တော်ယာဉ်များတွင်အသုံးပြုရန်လောင်စာဆီ ၂၀၀၀ ဂါလန် အားလည်းကောင်း၊ မြို့တော်ဝန် ဦးကျော်ဆန်းက စားသောက်ဖွယ်ရာများအား လည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများကလက်ခံရယူပြီး ကျေးဇူတင်စကားပြန်လည်ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများသည် ကိုဗစ်- ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက် ၍ Video Clip ဖြင့်သရုပ်ပြသခြင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၏ လက်တွေ့ သရုပ်ပြသခြင်းများကိုကြည့်ရှုပြီး စေတနာ့ဝန်ထမ်း(Volunteer)များနှင့် ပရဟိတ အသင်းအဖွဲ့များအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ကြောင်း သတင်း ရရှိသည်။