၁။ လျှောက်ထားသူသည်-
(က) ၂ဝ၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့တွင် အသက်(၁၆)နှစ်အောက် မငယ်ရ၊ (၁၈)နှစ်ထက် မကြီးရ။
(ခ) ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ (လူပျို)ဖြစ်ရမည်။
(ဂ) အနည်းဆုံးအရပ် (၅)ပေ၊ (၃)လက်မနှင့် ကိုယ်အလေးချိန် ပေါင်(၁ဝဝ)ထက်မနည်းရ၊ ပေါင်(၁၄ဝ) ထက် မကျော်ရ။
(ဃ) မျက်မှန်တပ်ဆင်ထားသူများ မဖြစ်စေရ။
(င) ၂ဝ၂ဝ ပြည့်နှစ်တွင်ကျင်းပပြုလုပ်ခဲ့သော တက္ကသိုလ်ဝင် စာမေးပွဲတွင် သိပ္ပံဘာသာတွဲ(သို့မဟုတ်) ဝိပ္ပံ ဘာသာတွဲဖြင့် ဖြေဆိုအောင်မြင်သူဖြစ်ရမည်။
၂။ လျှောက်လွှာများကို မိမိတို့နှင့် နီးစပ်ရာ တိုင်းစစ်ဌာနချုပ်များတွင် ၂ဝ၂ဝ ပြည့်နှစ်၊ သြဂုတ်လ (၁၁) ရက်နေ့ မှ စ၍ အခမဲ့ရယူနိုင်သည်။
၃။ လျှောက်လွှာနှင့်အတူ အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ် ရဲတပ်ဖွဲ့စခန်းတစ်ခုခုမှ ထောက်ခံစာ(မူရင်း)နှင့် ပတ်စ်ပို့အရွယ်ဓာတ်ပုံ(၃)ပုံ ပူးတွဲတင်ပြရမည်။
၄။ လျှောက်လွှာကို ၂ဝ၂ဝ ပြည့်နှစ်၊ စက်တင်ဘာလ (၁၅)ရက်နေ့နောက်ဆုံးထား၍ လျှောက်လွှာထုတ်ယူ ခဲ့သော တိုင်းစစ်ဌာနချုပ်များသို့ ပြန်လည်ပေးပို့ကြရမည်။
၅။ သတ်မှတ်ချက်နှင့်ပြည့်စုံပြီး အရည်အချင်းပြည့်မီသော လျှောက်လွှာရှင်များသာ တပ်မတော်နည်းပညာ တက္ကသိုလ်ဗိုလ်လောင်းသင်တန်း ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲကို ဖြေဆိုကြရမည်။
၆။ တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲတွင် တက္ကသိုလ် ဝင် စာမေးပွဲသင်ရိုးညွှန်းတမ်းအတိုင်း အောက်ပါဘာသာရပ်များကိုဖြေဆိုကြရမည်-
(က) အင်္ဂလိပ်စာ။
(ခ) သင်္ချာ။
၇။ ဝင်ခွင့်အရည်အချင်း စစ်စာမေးပွဲကို ၂ဝ၂ဝ ပြည့်နှစ်၊ စက်တင်ဘာလ (၂၆)ရက်နေ့တွင် မိမိတို့လျှောက်လွှာ တင်သွင်းရာ တိုင်းစစ်ဌာနချုပ်တည်ရှိသည့်မြို့၌ ဖြေဆိုကြရမည်။
၈။ ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲဖြေဆိုရမည့် နေရာနှင့်အချိန်ကို သတင်းစာမှ ကြော်ငြာပေးမည်။
၉။ ဖြေဆိုရမည့်ခုံအမှတ်မှာ လျှောက်လွှာတွင်ဖော်ပြထားသည့် ခုံအမှတ်အတိုင်းဖြစ်သည်။
၁ဝ။ ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုအောင်မြင်သူများသည် တပ်မတော်ဗိုလ်ရွေး အဖွဲ့ ဝင်ရောက် အစစ် ဆေးခံရမည်။ တပ်မတော်ဗိုလ်ရွေး အဖွဲ့တွင် ဝင်ရောက်အစစ်ဆေးခံရန် အကြောင်းကြားစာများကို သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များမှတစ်ဆင့် အချိန်မီပေးပို့သွားမည်။
၁၁။ သတ်မှတ်ထားသည့်အချက်အလက်များ တိကျပြည့်စုံစွာရေးသား ဖော်ပြခြင်းမပြုသော လျှောက်လွှာများ၊ မမှန် မကန် ဖြည့်စွက်ရေးသား ဖော်ပြသော လျှောက်လွှာများနှင့် အချိန်မီမရောက်ရှိသော လျှောက်လွှာများအား ထည့်သွင်း စဉ်းစားမည် မဟုတ်ပါ။ မိမိတို့ လျှောက်လွှာ တင်သွင်းသည့်ဌာနတွင် ရွေးချယ်ခြင်းခံရသည်/ မခံရ သည်ကို သွားရောက်စုံစမ်း မေးမြန်းနိုင်သည်။
စစ်ရာထူးခန့်ချုပ်ရုံး
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)