ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ညှိနှိုင်းအစည်းနှင့် ကာကွယ်ဆေးထိုးနှံနိုင်ရေးအစည်းအဝေးပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ညှိနှိုင်းအစည်းနှင့် ကာကွယ်ဆေးထိုးနှံနိုင်ရေးအစည်းအဝေးပြုလုပ်

နေပြည်တော်၊ ဇူလိုင်- ၂၆

    ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအစည်းအဝေးကို ဇူလိုင် ၂၅ ရက်နှင့် ယနေ့တို့တွင် လားရှိုးမြို့၊ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမနှင့် တိုင်းအစည်းအဝေးခန်းမတို့၌ ပြုလုပ်ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး၊ လားရှိုးခရိုင်/ မြို့နယ်အဆင့်စီမံအုပ်ချုပ်မှုအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

    ဦးစွာ တိုင်းမှူးက ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများနှင့် ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ အဖွင့်အမှာစကားများ ပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသူများက ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ဆောင်ရွက်နေသည့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် ကာကွယ်ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်နေမှု များနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ တိုင်းမှူးက လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။