ရန်ကုန်ယူနိုက်တက်အသင်း ကွင်းလယ်ကစားသမား မောင်မောင်လွင်နှင့် ရခိုင်ယူနိုက်တက်အသင်း နောက်ခံကစားသမား မင်းကိုသူတို့ ပွဲစဉ်(၁၃)ကို လွဲချော်မည်

ရန်ကုန်ယူနိုက်တက်အသင်း ကွင်းလယ် ကစားသမား     မောင်မောင်လွင်သည် စက်တင်ဘာ ၄ ရက်တွင် စစ်ကိုင်းယူနိုက် တက်အသင်းနှင့်ကစားရမည့်  ပွဲစဉ်(၁၃) ကို  ပွဲပယ်ပြစ်ဒဏ်ကြောင့်   လွဲချော်မည် ဖြစ်သည်။

မောင်မောင်လွင်သည် ရန်ကုန်ယူနိုက် တက်အသင်း၏ အားထားရသည့် ပွဲထွက် ကစားသမားတစ်ဦးဖြစ်ပြီး ရန်ကုန်ယူနိုက် တက်အသင်းအတွက် ၁၀ ပွဲကစားထားပြီး သွင်းဂိုးနှစ်ဂိုး   သွင်းယူပေးထားသည်။  မောင်မောင်လွင်သည် အဝါကတ် သုံးကြိမ်ပြည့်ခဲ့သည့်အတွက်  စစ်ကိုင်းယူနိုက်တက် အသင်းနှင့်ပွဲကို     လွဲချော်ရခြင်း ဖြစ်သည်။

စက်တင်ဘာ ၄ ရက် ညနေ ၃ နာရီခွဲ တွင် သုဝဏ္ဏအားကစားကွင်း၌  စစ်ကိုင်းယူနိုက်တက်အသင်းနှင့်   ရန်ကုန်ယူနိုက် တက်အသင်းတို့ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ စစ်ကိုင်းယူနိုက်တက် အသင်းသည် ၁၀ ပွဲ ကစားပြီးချိန်တွင် ရမှတ်  ၁၀ မှတ်ဖြင့် အဆင့် (၇) နေရာ၌ ရပ်တည်နေပြီး ရန်ကုန် ယူနိုက်တက်အသင်းသည် ၁၀ ပွဲကစားပြီး ချိန်တွင် ရမှတ်   ၂၀ ဖြင့်  အဆင့် (၃) နေရာ၌ ရပ်တည်နေသည်။

အလားတူ   ရခိုင်ယူနိုက်တက်အသင်း နောက်ခံကစားသမား   မင်းကိုသူသည် ပွဲပယ်ပြစ်ဒဏ်ကြောင့်  စက်တင်ဘာ  ၄ ရက်တွင်ကစားရမည့်   ရှမ်းယူနိုက်တက် အသင်းနှင့်ပွဲကို  လွဲချော်မည် ဖြစ်ကြောင်း သိသည်။

မင်းကိုသူသည် အဝါကတ်သုံးကြိမ် ပြည့်ခဲ့သည့်အတွက် တစ်ပွဲပယ်ပြစ်ဒဏ်ခံခဲ့ရပြီး ရှမ်းယူနိုက်တက် အသင်းနှင့်ပွဲကို လွဲချော်ရခြင်း ဖြစ်သည်။   မင်းကိုသူသည်    ရခိုင်ယူနိုက်တက် အသင်း၏   အားထားရသည့် နောက်တန်းကစားသမား တစ်ဦးဖြစ်ပြီး လက်ရှိတွင်   အသင်းအတွက်  သွင်းဂိုးတစ်ဂိုး သွင်းယူပေးထားသည်။  မင်းကိုသူသည်   အဆိုပါ သွင်းဂိုးအား  စစ်ကိုင်းယူနိုက်တက် အသင်းကို ၂ ဂိုး-၁ ဂိုးဖြင့် အနိုင်ရခဲ့သည့် ပွဲတွင် သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာ ၄ ရက် ညနေ ၃ နာရီခွဲ တွင် YUSC  ကွင်း၌ ရခိုင်ယူနိုက်တက်အသင်းနှင့်    ရှမ်းယူနိုက်တက် အသင်းတို့ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။             

ကိုရဲ