မျက်စိကိုဖွင့် နားကိုစွင့်၍ အမှန်ကိုမြင်သင့်ပြီ
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှု လုပ်ဆောင်ခဲ့သော NLD ပါတီဝင်များနှင့် ၎င်းပါတီကိုထောက်ခံသူအချို့က မသိနားမလည်သော လူငယ်လေးများကို ငွေကြေးပေး၍ လူသတ်ခိုင်းခြင်း၊ မိုင်းထောင် ဗုံးခွဲခိုင်းခြင်း၊ ဗုဒ္ဓဘာသာပုထိုးစေတီများကိုမီးရှို့ခြင်း၊ ဘုန်းတော်ကြီးများကို သတ်ဖြတ်ခြင်း စသည်ဖြင့်အဖျက်လုပ်ငန်းမျိုးစုံကို စေခိုင်းလျက်ရှိသည်။ အေးဆေးစွာ နေထိုင်လုပ်ကိုင် စားသောက်နေသူ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်းအပြင် ကလေးများ အနာဂတ်အတွက် ပညာသင်ကြားပေးနေသောဆရာ၊ ဆရာမများကိုလည်း သတ်ဖြတ်မှုကျူးလွန်လျက်ရှိသည်။ စေခိုင်းခံရသူများသည် ငွေကြေးရလိုမှုတစ်ခုဖြင့် လူ့အသက်များကို ရက်ရက်စက်စက် လူမဆန်စွာသတ်ဖြတ်သည်။
ဓမ္မကို မြတ်နိုးသူတိုင်းက အဖျက်သမားများကို စက်ဆုပ်ရွံရှာလျက်ရှိကြသည်။ ဖမ်းဆီးရမိရေး အတွက်သတင်းပေးလျက်ရှိကြသည်။ ပြည်သူများပူးပေါင်းပါဝင်မှုကြောင့် ဖမ်းဆီးရမိသည့်လူ၊ လက်နက်အရေအတွက်များပြားလှသည်။ လူငယ်များအနေဖြင့် လူလည်များ မြှောက်ပေးသည့်အတိုင်း လုပ်သင့်မလုပ်သင့်မစဉ်းစားဘဲ ငွေရသည်နှင့် လူသတ်သည်။ လောကတွင် သမ္မာအာဇီဝဖြင့် ကောင်းရောင်းကောင်းဝယ်လုပ်စား မည်ဟူသောစိတ်မရှိ။ ကိုယ်ခံရမည်ကို ထည့်သွင်းမစဉ်းစားခဲ့ကြ။ အမှားကို သိသွားသော်လည်း နောက်ကျသွားပြီဖြစ်သည်။ စေခိုင်းသူတို့မှာ ပြည်ပနိုင်ငံတစ်ခုတွင် နေထိုင်ပျော်ပါးစားသောက်ရင်း မသိနားမလည်သော လူငယ်လူရွယ်တို့ကို မြန်မာနိုင်ငံ ပျက်စီးရေးအတွက် စေခိုင်းနေခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း အကြမ်းဖက် အဖွဲ့အစည်းများဖြစ်သည့် CRPH၊ NUG နှင့် PDF အဖွဲ့များအနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်နှင့် အစိုးရ၏အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန် အဖျက်နည်းမျိုးစုံသုံးကာ ဖျက်ဆီးလျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါကူးစက်မှုဖြစ်နေစဉ် လူစုလူဝေးဖြင့်ဆန္ဒပြစေသည်။ ကိုဗစ်ပိုးဖြန့်သပိတ်ဟုပင် အမည်တပ်သလို ဗုဒ္ဓဘာသာ တရားတော်များကို ပြက်ရယ်ပြုသော ဆိုင်းဘုတ်များကိုပင် ကိုင်ဆောင်လိုက်သေးသည်။ ပြည်သူများအနေဖြင့် အကြမ်းဖက်သမားများ၏ လုပ်ရပ်များကို နာကြည်းမုန်းတီး ရွံရှာနေပြီဖြစ်သည်။
သောင်းကျန်းသူအဖျက်သမားများအား ဖမ်းဆီးရမိသောသတင်းများကို နေ့စဉ်ကြားမြင် နေရသည်။ ဇူလိုင်၃၀ ရက်နေ့ထုတ်သတင်းများတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ထောက်ထားညှာတာမှုကင်းမဲ့စွာ နည်းမျိုးစုံဖြင့် နှောင့်ယှက်ဖျက်ဆီးခြင်းများ လုပ်ဆောင်နေသည့် အကြမ်းဖက် သောင်းကျန်းသူများအနက် ၅၃ ဦးတို့အား လက်နက်၊ ခဲယမ်းများနှင့်အတူ အရှင်ဖမ်းဆီး ရမိကြောင်း ဖော်ပြထားသည်။ ပြည်သူလူထု၏ စည်းလုံးညီညွတ်မှုကြောင့် အောင်ပွဲရခြင်း ဖြစ်ကြောင်း သိရှိရသည်။ ဖမ်းဆီးရမိသူများကို ပုံနှင့်တကွဖော်ပြထားရာ လူငယ်များ အများဆုံးဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နယ်မြေအတွင်း အကြမ်းဖက်သင်တန်း တက်ရောက်၍ ပြန်လာသူများအား လှိုင်းဘွဲ့မြို့နယ်အတွင်း ဖမ်းဆီးရမိသတင်းတွင် ဖမ်းဆီးရမိသူများမှာ အမျိုးသား ခုနစ်ဦး၊ အမျိုးသမီးနှစ်ဦးဖြစ်ပြီး လူငယ်များပင်ဖြစ်သည်။ မန္တလေးမြို့ မြတောင်ဘုန်းကြီးကျောင်းတိုက်အတွင်း ခိုအောင်းနေသည့် ဖောက်ခွဲဖျက်ဆီးရေး တာဝန်ခံအား ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ သတင်းတွင် ဖောက်ခွဲရေးတာဝန်ခံ နေလဝင်း(ခ)နို့ဆီဘူးအား ရှော့တိုက်လက်လုပ်မိုင်း ၁၄ လုံး၊ လက်လုပ်မိုင်းအကြီးလေးလုံး၊ ထို့ပြင် Air Gun အတိုတစ်လက်၊ လက်လုပ်မိုင်းအကြီး ၁၄ လုံးနှင့် ငွေကျပ်သိန်း ၂၅၀၊ အကြမ်းဖက်ပစ္စည်းများနှင့် ဖမ်းဆီးရရှိကြောင်း ဖော်ပြထားသည်။ ဖမ်းဆီးရမိသူများတွင် လူငယ်လူရွယ်များက အများဆုံးဖြစ်နေသည်။ CRPH နှင့် NUG တို့ကလူငယ်လူရွယ်များကို PDF လက်နက်ကိုင်တော်လှန်ရေးအဖြစ် မြှောက်ပေးကြသည်။ တောထဲတွင်သေကျေဒဏ်ရာရကာ လူဖြစ်ရှုံးကြသည်။ နိုင်ငံတော်အစိုးရအနေဖြင့် လမ်းမှားရောက်နေသူများ၏ အခြေအနေအရပ်ရပ်ကို သိရှိသည်။ ထို့ကြောင့် လမ်းမှားရောက်နေသူများအား နေရပ်ဒေသများသို့ ပြန်လာကြရန် မေတ္တာစိတ်ဖြင့် နေ့စဉ်ဖိတ်ခေါ်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်ကို ထိန်းသိမ်းစောင့်ရှောက်ပေးနေသော အစိုးရသာဖြစ်သည်။ လူငယ် လူရွယ်များ၊ လမ်းမှားရောက်နေသူများအနေဖြင့် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဖြစ်ရပ်မှန်ကို သိအောင်မြင်အောင် လေ့လာသင့်လှသည်။ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော် တာဝန်အားလွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပေရာ လမ်းမှားရောက်နေ သူများအနေဖြင့် မျက်စိကိုဖွင့်