နေပြည်တော်၊ သြဂုတ် - ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ အိမ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ် ကျေးရွာ ဆည်မြောင်း ရေကာတာသည် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ရေကာတာပေါက် ပြီး ကျေးရွာအချို့၌ ရေဝင် ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။
ထိုသို့ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည့် ဖောင်ဆိပ်ကျေးရွာရှိ နေအိမ် ၂ လုံးကို ရေဘေးလွတ်ရာသို့ ကူညီ ရွှေ့ပြောင်း ပေးခြင်း၊ ငှက်တောကျေးရွာရှိ နေအိမ် ၇ လုံးကို ကူညီ ကယ်ဆယ်ရွှေ့ပြောင်းပေးခြင်း၊ တာ ထိန်းသိမ်းခြင်း၊ မြန်အောင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက် လွန်ဆေးမြိုင်ပန်းခြံ အနောက်ဘက်ကမ်း တစ်လျှောက် ရေစီးအားထိန်းရန် Floatting Unit ပြုလုပ်ခြင်း၊ အရန် ရေထိန်းတာဆောင်ရွက်ခြင်းနှင့် သဲအိတ်ဖို့ခြင်းများကို ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက ကူညီဆောင်ရွက် ပေး ခဲ့ကြောင်း သတင်းရရှိသည်။