မိတ္ထီလာမြို့နယ်၊ သဲတောလေး ကျေးရွာ အဝင် တူးမြောင်းပေါ်တွင် ဆောက်လုပ်ထားသည့် ကွန်ကရစ်ခင်း သံလုံးကာ တံတား ကျိုးကျပျက်စီးမှုအား ကူညီ

နေပြည်တော်၊ သြဂုတ် - ၄

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်း သြဂုတ် ၂ ရက် ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဂဠုံကုန်းကျေးရွာ အုပ်စု၊ သဲတောလေးကျေးရွာ အဝင်တူးမြောင်းပေါ်တွင် ကိုယ်ထူကိုယ်ထ ဆောက်လုပ် ထားသည့် အလျား ၄၀ ပေ၊ အနံ ၁၂ ပေရှိ ကွန်ကရစ်ခင်း သံလုံးကာတံတားမှာ ရေတိုက်စားမှုကြောင့် ကျိုးကျ ပျက်စီးမှု ဖြစ်ပေါ်ခဲ့သည်။

အဆိုပါနေရာသို့ ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ တပ်မတော် သားများက သွားရောက်၍ တံတားအောက်ရှိ ပိတ်ဆို့နေသော အမှိုက်များ၊ သစ်တုံးသစ်စများနှင့် သစ်ကိုင်းများ ဖယ်ရှားပေးခြင်း လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။