ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် လက်ပစ်ဗုံး၊ လက်လုပ်ဗုံးနှင့် လက်လုပ်မိုင်းများ အသုံးပြုကာ အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်

ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် လက်ပစ်ဗုံး၊ လက်လုပ်ဗုံးနှင့် လက်လုပ်မိုင်းများ အသုံးပြုကာ အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်

နေပြည်တော်၊ ဩဂုတ် ၁၆

နိုင်ငံတော်အတွင်း ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင် အဆောက်အဦးများ၊ အေးချမ်းစွာနေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များ၊ အများပြည်သူသွားလာလှုပ်ရှားနေသော လမ်းမကြီးများပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထားခြင်းများအား ပြုလုပ်နေကြသည်ကို တွေ့ရှိရသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာ ဩဂုတ်လ ၁၅ ရက်နေ့ ည ၉ နာရီ ၄၀ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့၊ ပုလဲ-ဂန့်ဂေါ ကားလမ်းဘေးရှိ စေတနာလူမှုကူညီရေးအဖွဲ့ဝင် ဦးမြင့်နိုင်သည် နေအိမ်အရှေ့အဖီ၌ တောင်ပိုင်း ရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမြတ်လေးပါ ၅ ဦးနှင့်အတူ မြို့ပေါ်ရပ်ကွက်များရှိ COVID-19 ရောဂါကူးစက်ခံနေရသူများ၏ လိုအပ်လျက်ရှိသော အောက်ဆီဂျင်ဝယ်ယူ ဖြည့်တင်းရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ ပေးနိုင်ရေး ဆွေးနွေးညှိနှိုင်းတိုင်ပင်နေစဉ် နေအိမ်အရှေ့လမ်းမပေါ်မှ အကြမ်းဖက်သူ အမျိုးသား ၃ ဦး(စိစစ်ဆဲ)က လက်လုပ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်ကာ ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ပြေး သွားခဲ့သဖြင့် ၎င်းတို့နှင့်အနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိသော်လည်း အဖီတွင် မိုးထားသော တာလပတ်စ၊ သစ်သားစားပွဲနှင့် ရေနွေးကြမ်း ပန်ကန်လုံးများ ကွဲအက်ပျက်စီးခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်း ရရှိသည်။