နေပြည်တော် သြဂုတ် ၂၄
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှု ကန့်သတ်ချက်များကြောင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်း Volunteer များနှင့် ဒေသခံပြည်သူများ စားရေး အဆင်ပြေစေရေး အတွက် တပ်မတော်နှင့် စေတနာရှင် အလှူရှင်များက စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ငွေများနှင့် ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျက်ရှိသည်။
ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မယ်ယန်းကျေးရွာအုပ်စု၊ ဝမ်လုံးကျေးရွာ၌ ဖွင့်လှစ်ထားသော Quarantine Center ရှိ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ Volunteer များနှင့် တာချီလိတ်မြို့၊ ပါလျံရပ်ကွက်၊ ခရစ်တော်၏သက်သေခံ လူငယ်ဖွံ့ဖြိုးရေးပရဟိတ ဂေဟာရှိ ကလေးသူငယ်များအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် အာဟာရဖြည့်စားသောက် ဖွယ်ရာများကိုလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ထောက်ပံ့ငွေများကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၁၃)ရပ်ကွက်ရှိ ဒေသခံပြည်သူ အိမ်ထောင်စု ၂၅ စုတို့အတွက် ဆန်နှင့် စားသောက်ကုန်ပစ္စည်းများအားလည်းကောင်း၊ မန္တလေး တိုင်းဒေသကြီး၊ တောင်သာမြို့နယ်ပြည်သူ့ဆေးရုံရှိ လူနာများအတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် ရမည်းသင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ PPE ဝတ်စုံများကိုလည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ၊ တာဝန်ရှိ သူများနှင့် စေတနာရှင်အလှူရှင်များက သွားရောက်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ ကြကြောင်း သတင်းရရှိသည်။
(၁၀၀)