ပုံမှန်ကာကွယ်ဆေးများထိုးနှံတိုက်ကျွေး

ကယားပြည်နယ်  ဖားဆောင်းမြို့နယ်၌ အသက်နှစ်နှစ်အောက် ကလေးငယ်များအား EPI ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းကို  မိခင်နှင့်ကလေးကျန်းမာရေး ဦးစီးဌာန၌ စက်တင်ဘာ ၅ ရက်နံနက်ပိုင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ     ဝန်ထမ်းများ က ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ဖားဆောင်းမြို့နယ် မြို့ပေါ်ရပ်ကွက်များရှိ အသက်နှစ်နှစ်အောက် ကလေးငယ်များအား အသည်းရောင်အသားဝါ(ဘီ)၊ ပိုလီယိုရောဂါ၊ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)၊  ဦးနှောက်အမြှေးရောင်၊ ဝက်သက်-ဂျိုက်သိုး   စသည့် ရောဂါများဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန်အတွက် EPI ပုံမှန်ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးခြင်း၊  ကိုယ်အလေးချိန်ချိန်ပေးခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်းများကို ဆောင်ရွက်ကြကြောင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များကိုလည်း ကာကွယ်ဆေးထိုးနှံပေးသည်။

ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရန်လာရောက်သည့် မိခင်နှင့်ကလေးများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့် လက်ကိုစနစ်တကျဆေးကြောစေရန် လက်ဆေးဘေစင်များထားရှိခြင်း၊ Hand Gel အသုံးပြု စေခြင်း၊ နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်စေခြင်းနှင့် လူစုလူဝေးမဖြစ်စေရေး ငါးဦး တစ်ကြိမ်   စနစ်တကျထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။   

နန်းသဲနုအောင်(ဖားဆောင်း)