COVID-19 ပိုးတွေ့လူနာ ၁၆၆ ဦးဖြင့် စံချိန်သစ်တင် ပိုးတွေ့လူနာစုစုပေါင်း ၁၄၀၀ ကျော်အထိမြင့်တက်၊ သေဆုံးသူ ၁ ဦးထပ်တိုး၊ သေဆုံးသူ ၈ ဦး အထိရှိလာ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့နံနက် ၈ နာရီခွဲ၊ မွန်းလွဲ ၁ နာရီနှင့် ည ၈ နာရီတို့တွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက် များအရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့လူနာ ၁၆၆ ဦး ထပ်မံ တွေ့ရှိသဖြင့် စုစုပေါင်းပိုးတွေ့လူနာ ၁၄၁၉ ဦးအထိရှိလာကြောင်း သိရသည်။ အဆိုပါ ထုတ်ပြန်ချက်များတွင် (၅-၉-၂၀၂၀) ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL) မှဒုတိယအသုတ်ဓာတ်ခွဲနမူနာ ၈၉၇ ခုနှင့်ဆေးသုတေသနဦးစီးဌာန(DMR) မှ ဒုတိယအသုတ်ဓာတ်ခွဲနမူနာ ၂၀၅ ခု၊ ပြည်သူ့ ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာန(မန္တလေး)မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၃၅၇ ခု၊ ပြည်သူ့ဆေးရုံကြီး မြဝတီမြို့မှ ဓာတ်ခွဲနမူနာ ၁၄ ခုနှင့် ပြည်သူ့ဆေးရုံကြီး တောင်ငူမြို့မှ ဓာတ်ခွဲနမူနာတစ်ခု စုစုပေါင်း ၁၄၇၄ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ် ၆၆ ဦးတွေ့ရှိရသည်။

သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူလျက်ရှိသည့် အသက် ၆၇ နှစ် အရွယ် ဓာတ်ခွဲအတည်ပြုလူနာ (Case-1236) သည် ပြင်းထန် အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးခြင်း၊ နာတာရှည်ကျောက် ကပ်ပျက်စီးခြင်းနှင့် ဆီးချိုရောဂါအခံရှိပြီး (၅-၉-၂၀၂၀) ရက် မွန်းလွဲ ၂ နာရီ ၅၅ မိနစ်တွင် သေဆုံးခဲ့သည်။ ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူပေါင်း ရှစ်ဦးရှိသည်။(၅-၉-၂၀၂၀) ရက်အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများအနေဖြင့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL) မှ ဓာတ်ခွဲနမူနာ ၁၆၄၂ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ ၃၅၂ ခု ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)မှ ဓာတ်ခွဲနမူနာ ၆၉၆ ခု၊   ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာန(မော်လမြိုင်)မှ  ဓာတ်ခွဲ နမူနာ၂၂၄ ခု၊  ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ ၇၆ ခု၊  ပြည်သူ့ဆေးရုံကြီး ကျောက်ဖြူမြို့မှ  ဓာတ်ခွဲနမူနာ ၅၉ ခု၊   ပြည်သူ့ဆေးရုံကြီး ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ ၁၁ ခု၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီးခုတင်-၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၃၁ ခု၊ပြည်သူ့ဆေးရုံကြီး မူဆယ်မြို့မှ ဓာတ်ခွဲနမူနာ ခုနစ်ခု၊ ပြည်သူ့ဆေးရုံကြီး မြဝတီမြို့မှ ဓာတ်ခွဲနမူနာ ၁၄ ခု၊ ပြည်သူ့ဆေးရုံကြီး တောင်ငူမြို့မှ   ဓာတ်ခွဲနမူနာ တစ်ခုနှင့်အမှတ်(၁) တပ်မတော်ဆေးရုံကြီး ခုတင်-၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၅၂ ခု စုစုပေါင်း၃၁၆၅ ခုအား စစ်ဆေးခဲ့သည်။

(၅-၉-၂၀၂၀)ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးရာတွင် ဓာတ်ခွဲနမူနာ စုစုပေါင်း ၃၁၆၅ ခုအား စစ်ဆေးခဲ့ပြီး COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ်  ၁၀၃ ဦး   တွေ့ရှိ ခဲ့သည်။ (အဆိုပါလူနာများ ဓာတ်ခွဲစစ်ဆေးတွေ့ရှိမှုကို ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။) ဓာတ်ခွဲ အတည်ပြု လူနာသစ်များ၏ သတင်းအချက်အလက်များကို ပူးတွဲပါဇယားများဖြင့် ဖော်ပြ အပ်ပါသည်။ (၆-၉-၂၀၂၀)ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL) မှ ပထမအသုတ်ဓာတ်ခွဲနမူနာ ၈၄၃ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ ၂၅၀ ခု၊ ပြည်သူ့ကျန်းမာ ရေးဓာတ်ခွဲမှု ဆိုင်ရာ ဌာန(မန္တလေး)မှ ဓာတ်ခွဲ နမူနာ ၃၃၀ ခု၊ ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့မှ ဓာတ်ခွဲ နမူနာ ၁၀၅ ခု၊ ပြည်သူ့ဆေးရုံ ကြီး ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ ၆၀ ခု၊  ပြည်သူ့ ဆေးရုံကြီး ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ ၁၁ ခု၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင်-၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၃၀ ခု၊ ပြည်သူ့ဆေးရုံကြီး လွိုင်ကော်မြို့မှ ဓာတ်ခွဲ နမူနာနှစ်ခု၊  အမှတ်(၁) တပ်မတော်ဆေးရုံကြီး ခုတင်-၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၃၃၃ ခု၊ အမှတ်(၂) တပ်မတော် ဆေးရုံကြီး ခုတင်- ၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၅၆ ခု စုစုပေါင်း ၂၀၂၀ ခုအား ယနေ့ညနေတွင် စစ်ဆေး ပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ် ၁၀၀ ဦးတွေ့ရှိရသည်။

(၆-၉-၂၀၂၀)ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာ ၁၄၁၉ ဦးရှိသည်။ ဓာတ်ခွဲအတည်ပြုလူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာ စစ်ဆေးမှုတွင် နှစ်ကြိမ်ဆက်တိုက်ပိုးမတွေ့ ရှိသူ ၁၄ ဦး (Case-206,238,239,383,446,447,459,470,584,596,597,598,600 နှင့် 602) ရှိသဖြင့် ယနေ့အထိ  စုစုပေါင်း ၃၈၅ ဦးရှိသည်။ ၎င်းင်းတို့အနက် ၃၆၆ ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ  သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက် ရှိသည်။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူရှစ်ဦးရှိသည်။ (၅-၉-၂၀၂၀) ရက် မွန်းတည့် ၁၂ နာရီမှ (၆-၉-၂၀၂၀) ရက် မွန်းတည့် ၁၂ နာရီအတွင်း တွေ့ရှိရ သော စောင့်ကြည့်လူနာအသစ် ၁၄၂ ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။