၅ နှစ်အောက်ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ တိုက်ကျွေး

နေပြည်တော်၊ စက်တင်ဘာ - ၇

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မန္တလေးတပ်နယ်အတွင်းရှိ အသက် ၅ နှစ်အောက် ကလေးများအား ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အားကစားခန်းမ၌ပြုလုပ်ရာ နယ်မြေခံတပ်မတော်ဆေးတပ်ရင်းမှ ပါရဂူများနှင့် ဆရာဝန်များက ကလေးငယ် ၆၂၆ ဦးတို့ကို ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက်အမြှေးရောင်ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန် အဆုပ်ရောင်ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေးနှင့် ဝက်သက်၊ ဂျိုက်သိုးကာကွယ် ဆေးများ ထိုးနှံ၊ တိုက်ကျွေးပေးသည်။

ယင်းသို့ဆောင်ရွက်ပေးမှုများကို တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။