တောင်ငူမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ မိုင်ဒါကွင်း၌ တစ်ရက်လျှင်  အောက်ဆီဂျင် ၄၀ လီတာဆံ့ ၂၅၀ လုံး ထုတ်လုပ်နိုင်မည့် အောက်ဆီဂျင်စက်ရုံဖွင့်လှစ်

တောင်ငူမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ မိုင်ဒါကွင်း၌ တစ်ရက်လျှင်  အောက်ဆီဂျင် ၄၀ လီတာဆံ့ ၂၅၀ လုံး ထုတ်လုပ်နိုင်မည့် အောက်ဆီဂျင်စက်ရုံဖွင့်လှစ်

နေပြည်တော်၊ စက်တင်ဘာ- ၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ မိုင်ဒါကွင်း၌ တည်ဆောက်ပြီးစီးခဲ့သည့် အောက်ဆီဂျင်စက်ရုံဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်းနှင့် အဖွဲ့ဝင် များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်  စေတနာ့ဝန်ထမ်းလူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့်အဖွဲ့ဝင်များက Oxygen Plant စက်များအား အမွှေးနံ့သာရည် များ ပက်ဖြန်းပြီး စက်ရုံအား ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းမှူးက အောက်ဆီဂျင် စက်ရုံ ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် စေတနာ့ဝန်ထမ်းလူမှုရေးအသင်းအဖွဲ့များအား ကျေးဇူးတင်ဂုဏ်ပြုဝမ်းမြောက်စကားပြောကြားပြီး အောက်ဆီဂျင်စက်ရုံ လည်ပတ် ထုတ်လုပ်နေမှုများကို လိုက်လံကြည့်ရှုကြသည်။
အဆိုပါ အောက်ဆီဂျင်စက်ရုံကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး Nuzhuo type KZO-60 အမျိုးအစားဖြစ်ကာ စွမ်းအားကုန် လည်ပတ်ပါက တစ်ရက်လျှင် ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၂၅၀ လုံး ထုတ်လုပ် နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။