နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရုရှားတပ်မတော်၏ ပင်မဘုရားကျောင်းတော်ကြီးသို့ သွားရောက်လေ့

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရုရှားတပ်မတော်၏ ပင်မဘုရားကျောင်းတော်ကြီးသို့ သွားရောက်လေ့လာ

 
နေပြည်တော်၊ စက်တင်ဘာ - ၃

 
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ဒေသ စံတော်ချိန် နံနက်ပိုင်းတွင် မော်စကိုမြို့၊ အနောက်တောင်ဘက် ကူဘင်ကာမြို့၊ မျိုးချစ် ပန်းခြံရှိ ရုရှားတပ်မတော်၏ ပင်မဘုရားရှိခိုးကျောင်းတော်ကြီး Main Cathedrial of the Russian Armed Forces သို့ သွားရောက်လေ့လာကြည့်ရှုကြသည်။

 
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ရုရှား တပ်မတော်၏ ပင်မဘုရားရှိခိုးကျောင်းတော်ကြီးသို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြို ဆိုနှုတ်ဆက်ကြပြီး ဘုရားရှိခိုးကျောင်းတော်ကြီးအနီးရှိ ပြတိုက်တွင် ဒုတိယကမ္ဘာစစ် ဖြစ် ပွားစဉ်ကာလအတွင်း အသုံးပြုခဲ့သည့် လက်နက်၊ ခဲယမ်း၊ ချပ်ဝတ်တန်ဆာနှင့် အသုံး အဆောင်ပစ္စည်းများ၊ ဆေးတပ်ဖွဲ့ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ၊ ဆက်သွယ်ရေး အသုံး အဆောင်ပစ္စည်းများနှင့် စစ်ပွဲများအကြောင်းကို Program များဖြင့် ပြုလုပ်ပြသထားမှုများ နှင့် အား လေ့လာကြည့်ရှုကြပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကာ ပင်မဘုရား ရှိခိုးကျောင်းတော်ကြီး အတွင်းဝင်ရောက်၍ သမိုင်းကြောင်းနှင့် မှတ်တမ်းများအား လေ့လာ ကြည့်ရှုကြသည်။
အဆိုပါ ရုရှား တပ်မတော်၏ ပင်မဘုရားရှိခိုးကျောင်းတော်ကြီးကို ၂၀၂၀ ပြည့်နှစ်၊ မေလ ၉ ရက်တွင် ကျရောက်သော Victory Day of Great Patriotic War (၇၅)နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ရုရှားတပ်မတော်၏ ဗဟိုစစ်ဘက် ဆိုင်ရာ ကျက်သရေဆောင်နေရာ Center of Military Glory ဖြစ်လာစေရန် ရည်ရွယ် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၉၆ မီတာ အမြင့်ရှိသော ပင်မအဆောက်အဦအပါအဝင် ၇၅ မီတာအမြင့်ရှိ ခေါင်းလောင်းစင်နှင့် အခြားအဆောက်အဦငယ် ၃ ခု၊ ပြတိုက် ၄ ခုနှင့် ပန်းခြံများ ထည့်သွင်း ဆောက်လုပ်ထားပြီး ၆ လတာကာလအတွင်း ဗိသုကာပညာရှင်၊ ပန်းချီပညာရှင် အကျော် အမော် ၄၀၀၀ ကျော်ဖြင့် နေ့ည အကောင်အထည်ဖော် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒုတိယကမ္ဘာစစ်ဖြစ်ပွားစဉ်ကာလအတွင်း ရုရှား တပ်မ တော် က ဆင်နွဲခဲ့သော ရက်ပေါင်း ၁၄၁၈ ရက်ကို ဓာတ်ပုံပေါင်း ၁၀ သန်းကျော်ဖြင့် ပြသထားကြောင်း၊ ပင်မဘုရားရှိခိုးကျောင်းတော်ကြီး အနီးတစ်ဝိုက်နှင့် အုတ်တံတိုင်းနံရံ တို့တွင် စစ်ပွဲအတွင်းအသုံးပြုခဲ့ပြီး ပျက်စီးချို့ယွင်းခဲ့သည့် ယာဉ်ယန္တရားများ၊ အသုံး အဆောင်ပစ္စည်းများ အသုံးပြု၍ စစ်မြေပြင်ပုံစံတူများနှင့် နံရံဆေးရေးပန်းချီများကိုလည်း ထည့်သွင်း ပြုလုပ်ထားကြောင်း သတင်းရရှိသည်။