အင်းလေးကန်အတွင်း ရေပြင်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလေ့ကျင့်

ရေပြင်မီးငြှိမ်းသတ်ရေးနှင့်  ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်ခြင်းကို စက်တင်ဘာ ၆ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းလေးကန်အတွင်းရှိ    ရေလယ်ဗိုလ်တဲအနီး၌ဆောင်ရွက်ကြသည်။ ထိုသို့လေ့ကျင့်ရာတွင် တောင်ကြီးခရိုင် မီးသတ် ဦးစီးဌာန ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူ ဦးဆောင်၍ ခရိုင် မီးသတ် ဦးစီးဌာနမှ တပ်ဖွဲ့ဝင် ၁၄ ဦး၊ ညောင်ရွှေမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးအောင်ဖြိုးမင်း နှင့် တပ်ဖွဲ့ဝင် ၁၄ ဦးတို့က မီးသတ်ရေယာဉ်နှစ်စင်း၊ ရှာဖွေကယ်ဆယ်ရေးရေယာဉ်တစ်စင်း၊ ဒေသသုံးစက်လှေတစ်စင်းတို့ဖြင့် အင်းလေးကန်အတွင်းရှိ ရေလယ်ဗိုလ်တဲအနီးဝန်းကျင်၌ ရေပြင်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလေ့ကျင့်ခြင်း ဆောင်ရွက်ကြသည်။ အဆိုပါ လေ့ကျင့်ခြင်းကို အင်းလေးကန်အတွင်း မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ ပေါ်ပေါက်လာပါက ထိခိုက်ဆုံးရှုံးမှုနည်းပါးစေရေးနှင့် အချိန်နှင့်တစ်ပြေးညီ အလျင်အမြန် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

စိုင်းအယ်ဘဲ