ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်ပြီးစီးမှု စစ်ဆေး

မကွေးတိုင်းဒေသကြီး  သရက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဆင်ပေါင်ဝဲမြို့နယ် မွှန်းညောင်ပင်သာ ကျေးရွာ၌ Cash For Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေကို စက်တင်ဘာ ၇ ရက် နံနက်ပိုင်းတွင် တာဝန်ရှိသူများကွင်းဆင်း စစ်ဆေး ကြောင်း သိရသည်။ ထိုသို့စစ်ဆေးရာတွင် သရက်ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးကျော်ဆန်းဌေး၊ ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဦးစီးမှူး ဦးဇော်မင်းဦးနှင့်စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက ကျေးရွာကော်မတီဝင် များနှင့်အတူ မွှန်းညောင်ပင်သာကျေးရွာ၌ Cash For Work စီမံကိန်းထောက်ပံ့ရန်ပုံငွေဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လမ်းရေရှည် တည်တံ့ခိုင်မြဲရေး ဆွေးနွေးမှာကြားသည်။ အဆိုပါ မွှန်းညောင်ပင်သာ ကျေးရွာ ကျေးရွာတွင်းလမ်း  အရှည်ပေ ၆၀၀၊အကျယ် ၁၂ ပေ၊  ခြောက်လက်မထု ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာန Cash For Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၁၀၀ ဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် ဆောင်ရွက်ကာ လုပ်အားခ ချက်ချင်းပေးချေခြင်းစနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ကြောင်း သိရသည်။

သန်းလွင်(မကွေး)