မန်စီးတီးအသင်း လူငယ်ကစားသမား ဖိုဒန်ကို လုပ်ခလစာလေးဆခန့်အထိ တိုးမြှင့်ပေးပြီး ခြောက်နှစ် သက်တမ်းတိုး စာချုပ်ချုပ်ဆိုမည်

မန်စီးတီးအသင်း လူငယ်ကစားသမား ဖိုဒန်ကို လုပ်ခလစာလေးဆခန့်အထိ တိုးမြှင့်ပေးပြီး ခြောက်နှစ် သက်တမ်းတိုး စာချုပ်ချုပ်ဆိုမည်

မန်စီးတီးအသင်းသည်  အသင်းမှ  လူငယ်ကစားသမား ဖိုဒန်ကို   လုပ်ခလစာ လေးဆခန့်အထိ တိုးမြှင့်ပေးပြီး   နှစ်ရှည်သက်တမ်းတိုး စာချုပ်ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။

အသက် ၂၁ နှစ်အရွယ် ဖိုဒန်သည် လက်ရှိ မန်စီးတီး အသင်းတွင်   တစ်ပတ်လုပ်ခလစာ   စတာလင်ပေါင် ၄ဝဝဝဝ သာရရှိပြီး  ယခုအခါ  မန်စီးတီးအသင်းက လေးဆခန့်အထိ   တိုးမြှင့်ပေးကာ စာချုပ်သစ် ချုပ်ဆိုမည်ဖြစ်သည်။

ဖိုဒန်သည်  ၂ဝ၁၆  ခုနှစ်က  မန်စီးတီးအသင်းနှင့်  ပရော်ဖက်ရှင်နယ် စာချုပ်ချုပ်ဆိုကာ   ပူးပေါင်းခဲ့ခြင်းဖြစ်ပြီး   နောက်ဆုံး ဘောလုံးရာသီနှစ်ခု အတွင်း  ထိပ်တန်းအဆင့်ရှိ  ခြေစွမ်းပြနိုင်ပြီးနောက်   ဥရောပထိပ်တန်းအသင်းကြီး အများစုက  စောင့်ကြည့်လာခဲ့သည့်အတွက် မန်စီးတီးအသင်းက နှစ်ရှည်သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ပြင်ဆင်လာခြင်းဖြစ်သည်။

ဖိုဒန်သည် ပြီးခဲ့သည့် ဘောလုံးရာသီက မန်စီးတီးအသင်း ပရီးမီးယားလိဂ် ချန်ပီယံဆုရရှိရာတွင် အဓိက ကစားသမားအဖြစ်  ခြေစွမ်းပြနိုင်ပြီးနောက် ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်က ပေးအပ်သည့် ပီအက်ဖ် အေတစ်နှစ်တာ လူငယ်အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သည်။ လက်ရှိတွင် ဖိုဒန်သည် ဇွန်လအတွင်း က   အင်္ဂလန်အသင်းနှင့်   သွားရောက် ပူးပေါင်းရာ ဒဏ်ရာရရှိပြီးအနားယူခဲ့ရကာ  အသင်းနှင့်  တစ်ပွဲမျှ ပါဝင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

Ref;90Min